ကင်မ်ဂျံုအန်းနှင့် ထိပ်သီးအစည်းအဝေး ထရမ့်ဘက်က ပယ်ဖျက်ခဲ့မှု တောင်ကိုရီးယားမှာ ဆန္ဒပြ

ကင်မ်ဂျံုအန်းနှင့် ထိပ်သီးအစည်းအဝေး ထရမ့်ဘက်က ပယ်ဖျက်ခဲ့မှု တောင်ကိုရီးယားမှာ ဆန္ဒပြ

မေ ၂၅ ။         ။ အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား သမိုင်းဝင်တွေ့ဆုံပွဲ ပျက်ပြားသွားခဲ့ပြီးနောက် မေလ ၂၅ ရက်မှာပဲ တောင်ကိုရီးယားမြို့တော် ဆိုးလ်၏ လမ်းမများပေါ်တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မူလက ပြုလုပ်ရန် စီစဉ်ထားသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းနှင့် အကြား ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဘက်က ယမန်နေ့က ကြေညာလိုက်ပြီးနောက် ယနေ့တွင် ဒါဇင်နှင့်ချီသော တောင်ကိုရီးယားဆန္ဒပြသမားများက ဆိုးလ်မြို့ အမေရိကန်သံရုံးအနီးသို့ ဆိုင်းပုဒ်ကိုင် ချီတက် ဆန္ဒပြခဲ့ကြသည်။

ယခုကဲ့သို့ ကြံုတောင့်ကြံုခဲ သမိုင်းဝင် တွေ့ဆုံပွဲကို ဒေါ်နယ်ထရမ့်ဘက်က ဖျက်သိမ်းလိုက်မှုအပေါ် တောင်ကိုရီးယားနိုင်ငံသားများက ပြစ်တင်ခဲ့ပြီး ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ရှေ့ကာလတစ်လျှောက် ငြိမ်းချမ်းစွာ နေထိုင်သွားခွင့် ရစေနိုင်မည့် အခွင့်အလမ်းတစ်ခု လိမ်လည်ဖောက်ဖျက်ခံလိုက်ရသကဲ့သို့ ခံစားနေကြရသည်ဟု သိရသည်။

မြောက်ကိုရီးယားအစိုးရ၏ ရန်လိုသော သဘောကို အပြစ်ဆိုကာ ခေါင်းဆောင် ကင်ဂျုံးအန်းနှင့် ထိပ်သီးတွေ့ဆုံမည့် အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးကို လာမည့် ဇွန်လ ၁၂ ရက်နေ့ စင်ကာပူတွင် ကျင်းပရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly