ကမ္ဘာ့ဖလားအပြီးတွင် မန်ချက်စတာနှစ်သင်းအနက်တစ်သင်းကို ရွေးချယ်မည်ဟု ဖရက်ဒ်ဆို

ကမ္ဘာ့ဖလားအပြီးတွင် မန်ချက်စတာနှစ်သင်းအနက်တစ်သင်းကို ရွေးချယ်မည်ဟု ဖရက်ဒ်ဆို

 

မေ ၂၅၊ မန်ချက်စတာ။                                  ။ မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်ယူနိုက်တက်နှင့်မန်စီးတီးအသင်းတို့၏ ပစ်မှတ်ကစားသမား ဖရက်ဒ်က ၎င်း၏အနာဂါတ်ကို လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှဆုံးဖြတ်မည်ဟု ပြောဆိုလိုက်သည်။

မန်ယူနိုက်တက်နည်းပြမော်ရင်ဟိုသည် ဘရာဇီးကြယ်ပွင့်ဖရက်ဒ်ကို ပေါင် ၅၂ ဒသမ ၅ သန်းဖြင့် ခေါ်ယူနိုင်ရန်နီးစပ်နေပြီး ရုရှကမ္ဘာ့ဖလားမတိုင်မီ စာချုပ်ကိစ္စအပြီးသတ်နိုင်မည်ဟုမျှော်လင့်နေကြောင်း စပို့မေးလ်သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း ရှက်တာဒိုးနက်အသင်းကွင်းလယ်လူသည် ဆုံးဖြတ်ချက်ချရန် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးသည်အထိ စောင့်ဆိုင်းလို နေသည်။

“ကမ္ဘာ့ဖလားပြီးရင်တော့ ကျွန်တော်ရွေးချယ်ဖို့ရှိနေပါတယ်။ အခုတော့ ကျွန်တော် ကမ္ဘာ့ဖလားအကြောင်းပဲ စဉ်းစားနေပါတယ်” ဟု ဖရက်ဒ်ကပြောသည်။

အသက် ၂၅ နှစ်အရွယ် ဘရာဇီးကစားသမားသည် ပရီးမီးယားလိဂ်သို့ပြောင်းမည့်ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုထားပြီး ရှက်တာအသင်းသည်လည်း အစားထိုးရန်ကစားသမားရှာဖွေသည့်အနေဖြင့် ကိုရင်သီယန်အသင်းမှ မေကွန်ကို ပေါင် ၅ သန်း ဖြင့်ခေါ်ယူရန် သဘောတူညီမှုရထားသည်။

ဖရက်ဒ်သည် မန်ယူနိုက်တက်က စိတ်မဝင်စားမီနှင့် စျေးတက်မလာမီ ဇန်နဝါရီအပြောင်းအရွှေ့အတွင်းက မန်စီးတီးသို့ ပြောင်းရန်နီးစပ်ခဲ့သေးသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly