စတော့စျေးပြိုကွဲမှုနှင့် တီယန်ကျင်းစက်ရုံပေါက်ကွဲမှု အွန်းလိုင်း တွင်ကောလာဟလများလွှင့်သူ ၁၉၇ ဦးအား ဖမ်းဆီး

စတော့စျေးပြိုကွဲမှုနှင့် တီယန်ကျင်းစက်ရုံပေါက်ကွဲမှု အွန်းလိုင်း တွင်ကောလာဟလများလွှင့်သူ ၁၉၇ ဦးအား ဖမ်းဆီး

သြဂုတ် ၃၁ ရက် ။         ။ တရုတ်နိုင်ငံ အာဏာပိုင်များက မကြာသေးမီက စတော့ဈေးကွက်ပြိုကွဲခြင်းနှင့် တီယန်ကျင်းစက်ရုံပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး အွန်လိုင်းတွင်ကောလာဟလများ ထုတ်လွှင့်သူ ၁၉၇ ဦးကို ဖမ်းဆီးအပြစ်ပေးကြောင်း သြဂုတ် ၃၀ ၌ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ယင်းကိစ္စများနှင့်ဆက်စပ်၍ အွန်လိုင်းလိပ်စာ ၁၆၅ ခုကိုလည်း ပိတ်လိုက်ပြီဟု တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်၌ ထုတ်ပြန်သည်။

တီယန်ကျင်းပေါက်ကွဲမှုတွင် သေဆုံးသူပေါင်း ၁,၃၀၀ ရှိသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

ထို့ပြင် အင်တာနက်ပေါ်မှ ဥပဒေချိုးဖောက်မှုများအား အရေးယူဆောင်ရွက်ရန်နှင့် အင်တာနက်စီမံခန့်ခွဲမှု ဝန်ဆောင်နေသူများအနေဖြင့် စိစစ်ကြရန်လည်း ယင်းဝန်ကြီးဌာနက သတိပေးတောင်းဆိုထား သည်။

ကုန်သွယ်ရေးကတိမ်းကပါးဖြစ်သည့် သီတင်းပတ်အတွင်း တရုတ်ရှယ်ယာဈေးက ၈ ရာခိုင်နှုန်းနီးပါးအထိကျဆင်းခဲ့ပြီး ကမ္ဘာဈေးကွက်ကိုပါ အထိတ်တလန့်ဖြစ်စေခဲ့သည်။

Ref; Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly