ကမ္ဘာ့အသက်အငယ်ဆုံး Microsoft Certified ပညာရှင်လေးများ

ကမ္ဘာ့အသက်အငယ်ဆုံး Microsoft Certified ပညာရှင်လေးများ

ကမ္ဘာ့ပေါ်မှာ Microsoft Certified ဖြစ်ဖို့ဆိုတာ လူတိုင်းလည်း မဖြစ်နိုင်သလို အလွယ်တကူ လည်း မရနိုင်ပါဘူး။ Microsoft စာမေးပွဲတွေကို ဝင်ဖြေပြီး အောင်မြင်သွားတဲ့ သူတွေဟာလည်း လုပ်ငန်းခွင်မှာ အတော်ကို မျက်နှာပန်းလှကြသူတွေပါ။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြု တန်ဖိုးထား ဖြေဆိုကြပါတယ်။

အသက်အငယ်ဆုံး Microsoft Certified Professional အဖြစ် ပထမဆုံးစံချိန် တင်ခဲ့သူက တော့ ပါကစ္စတန်ကျောင်းသူ Arfa Abdul Karim Randhawa ဖြစ်ပါတယ်။ သူဟာ အသက်ကိုးနှစ် အရွယ်မှာ Microsoft ရဲ့စာမေးပွဲတွေကို ဝင်ဖြေပြီး MCP တစ်ယောက် ဖြစ်လာသူပါ။

Microsoft တည်ထောင်သူ Bill Gates ကတောင် Microsoft ကိုအလည်အပတ် ဖိတ်ခေါ်ခံ ရတဲ့ သူလေးပါ။ ကံမကောင်းစွာနဲ့ပဲ သူကလေးဟာ အသက်ဆယ့်ခြောက်နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ ပြီး သူ သေဆုံးပြီးတဲ့နောက် ဝန်ကြီးချုပ်က သူ နေထိုင်ရာမြို့ရှိ Lahore Technology Park ကို Arfa Software Technology Park လို့ ဂုဏ်ပြု ပြောင်းလဲခဲ့ပါတယ်။

သူ့ရဲ့ စံချိန်ကို ချိုးသွားသူတွေကတော့ ပါကစ္စတန်ကျောင်းသား Babar Iqbal ဖြစ်ပါတယ်။ Computer Programming ကို ၅ နှစ်အရွယ်မှာ စတင်လေ့လာပြီး ကိုးနှစ်အရွယ်မှာ MCP ဖြစ်လာခဲ့ပါ တယ်။ Arfa စံချိန်နဲ့ လပိုင်းကွာပါတယ်။

ထူးထူးခြားခြား ဖြစ်စဉ်ကတော့ ပါကစ္စတန်နိုင်ငံသူ Rooma Ali Syedain ဖြစ်ပြီး အသက် ဆယ်နှစ်မှာ MCP ဖြစ်လာပါတယ်။ သူ့ရဲ့မောင် Inam Ali Syedain က အစ်မဖြစ်သူရဲ့ စံချိန်ကို ရှစ်နှစ်နဲ့ ချိုးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ညီမောင် Subhan Ali Syedain က အစ်ကိုနဲ့ အစ်မရဲ့ စံချိန်ကို အသက်ခုနစ်နှစ်မှာ ချိုးပြသွားခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ Mehroz Yawar ဖြစ်ပါတယ်။ အသက်ခြောက်နှစ်ခွဲမှာ MCP ဖြစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ပါ။ ပါကစ္စတန်ကပါပဲ။ Ayan Qureshi ကလည်း ပါကစ္စတန်နိုင်ငံ သား ဖြစ်ပြီး အသက်ငါးနှစ်နဲ့ ခုနစ်လမှာ MCP တစ်ယောက်ဖြစ်ခဲ့တာပါတဲ့။ ၂၀၀၉ ခုနှစ်မှာ မွေးတဲ့ Ayan ဟာ အခုထိ အငယ်ဆုံး MCP စံချိန်ဖြစ်နေတုန်းပါပဲ။

တခြားအသက်ငယ်ငယ်နဲ့ MCP ဖြစ်သူတွေလည်း ရှိပေမယ့် သူတို့ကတော့ စံချိန်တင်သူ တွေပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly