ကင်ဂျံုးအွန်နှင့် ထိပ်သီးအစည်းအဝေး ထရမ့် ပယ်ဖျက်

ကင်ဂျံုးအွန်နှင့် ထိပ်သီးအစည်းအဝေး ထရမ့် ပယ်ဖျက်

ဝါရှင်တန်၊ မေ ၂၄ ။            ။ မြောက်ကိုရီးယားအစိုးရ၏ ရန်လိုသော သဘောကို အပြစ်ဆိုကာ ခေါင်းဆောင် ကင်ဂျုံးအွန်နှင့် ထိပ်သီးတွေ့ဆုံမည့် အစည်းအဝေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ဖျက်ကြောင်း ကင်ဂျံုးအွန်ထံသို့ မေ ၂၄ ရက်တွင် သတင်းပါးလိုက်သည်။

စင်ကာပူတွင် ဇွန် ၁၂ ရက်၌ ထိပ်သီးစည်းဝေးရန် စီစဉ်ထားမှုအား ပယ်ဖျက်ကြောင်းကို "စိတ်မကောင်းပါ။ ခင်ဗျားရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာ အလွန်အမျက်မကင်းပဲ တဲ့တိုးဆန်တဲ့ ရန်လိုမှုတွေကြောင့် ခုချိန်ခါမှာ စည်းဝေးတွေ့ဆုံဖို့ မသင့်ဘူးလို့ ကျွန်တော် ခံစားရတယ်။ ရေရှည်စီစဉ်မယ့် အစည်းအဝေးပဲ ဖြစ်သင့်တယ်။"ဟု ကင်ဂျုံးအွန်ထံသို့ ထရမ့်ရေးသားပေးပို့သောစာကို အိမ်ဖြူတော်က ထုတ်ပြန်သည်။

သမိုင်းဝင်အစည်းအဝေးများ ပယ်ပျက်နိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုသော အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်အား မသိခေါင်းပါးသော ရူးမိုက်သူဟု မြောက်ကိုရီးယားက ထိုးနှက်တိုက်ခိုက်လိုက်ပြီးနောက် ထရမ့်၏ ယခု ရေးသားပေးပို့စာ ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required