ကလေးကစားကွင်းမြေနေရာရှိ အဆောက်အဦကို ဖယ်ရှားပြီး အားကစားကွင်းအဖြစ် ပြောင်းလဲမည်

ကလေးကစားကွင်းမြေနေရာရှိ အဆောက်အဦကို ဖယ်ရှားပြီး အားကစားကွင်းအဖြစ် ပြောင်းလဲမည်

မေ ၂၄။           ။ ကံဘဲ့လမ်းပေါ်ရှိ ကလေးကစားကွင်း မြေနေရာပေါ်ရှိ အဆောက်အဦကို ရှင်းလင်းပြီး အားကစားကွင်းအဖြစ် စီစဉ် ဆောင်ရွက်မည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ယနေ့ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးတွင် ရန်ကင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကို်ယ်စားလှယ် ဦးသိန်းဇော်၏ ရန်ကင်းမြို့နယ်၊အမှတ်(၄) ရပ်ကွက်ရှိ ကံဘဲ့ လမ်းပေါ်တွင်တည်ရှိသော ကလေးကစားကွင်းမြေနေရာသည် အိုး၊အိမ်ဦးစီးဌာနမှ စီမံခန့်ခွဲသောမြေဖြစ်ပြီး ၎င်း အဆောက်အဦမှာ မည်သူကပိုင်ဆိုင်ပြီး၊ မည်သူ့ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားခြင်းကို သိလိုကြောင်း ၎င်းအ ဆောက်အဦနှင့် မြေမှအခွန်အခကို မည်သူကရရှိပြီး နိုင်ငံတော်မှ မည်မျှအခွန်အခ ရရှိနေသည်ကို သိလို ကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"အိုးအိမ်ဦးစီးဌာန မြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲနေတဲ့ အိမ်ယာများ၊ မြေများအားလုံးကို ဒီ ၂၀၁၈ ဒီဇင်ဘာလ နောက်ဆုံးထားပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လွဲပြောင်းပေးရမှာ ဖြစ်ပါ တယ်။ ကလေးကစားကွင်း မြေနေရာအဖြစ်် ဖော်ပြထားခြင်း မရှိဆိုတာ သက်ဆိ်ုင်ရာ မြို့ပြနဲ့ အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနသော်လည်းကောင်း၊ မြေစာရင်းသော်လည်းကောင်း၊ YCDC မှာသော်လည်းကောင်း မြေပုံတွေရှိပြီး ဒီမြေပုံပေါ်မှာ မှတ်သားထားချက်အရ ဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီမှာစားသောက်ဆိုင် ဖွင့်ထား သူကို ရှင်းလင်းပြီးတဲ့အချိန်မှာ ဒီမြေကို Redevelopment လုပ်တဲ့ အချိန်မှာ အားကစားကွင်းအနေနဲ့ စီစဉ် ဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်သွားမည်ဖြစ်ပါတယ် ’’ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အဆောက်အဦဆောက်လုပ်ထားသောမြေနေရာသည် အိမ်ယာစခန်းနှင့် ကန်ဘဲ့လမ်းကြား အစိုးရမြေပေါ်တွင် တည်ရှိသည်။

အဆိုပါမြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက်အဦးမှာ ယခင် န.ဝ.တ အစိုးရလက် ထက်တွင် တပ်မတော်ထောက်လှမ်းရေး သက်သာရန်ပုံငွေအဖြစ် စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်း တွင် ဦးအောင်ဇော်က အဆောက်အဦ ဆောက်လုပ်ပြီး စားသောက်ဆိုင်အဖြစ် နှစ်စဉ်မြေငှားရမ်းခပေးသွင်း လုပ်ငန်းလုပ်ကိုင်လျှက်ရှိကြောင်းသိရသည်။

မြေငှားရမ်းခနှုန်းထားကို (၅)နှစ်တစ်ကြိမ် စိစစ်တိုးမြှင့် တောင်းခံပြီး မြေငှားရမ်းခငွေအဖြစ် နိုင်ငံတော်သို့ ပေး သွင်းလျှက်ရှိရာ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ တစ်လလျှင် ငွေကျပ် ၂သိန်းဖြင့် တစ်နှစ်လျှင် ကျပ် ၂၄သိန်း ၂၀၁၁ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ တစ်လလျှင်ငွေကျပ် ၂.၂ သိန်းဖြင့် တစ်နှစ်လျှင် ကျပ်၂၆.၄သိန်းနှုန်းဖြင့် မြေငှား ရမ်းခ ပေးသွင်းလျှက်ရှိကြောင်း သတင်းရရှိသည်။

ယင်းမြေနေရာသည် မူလအိမ်ရာစခန်း MasterPlan အရ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော အစိုးရမြေပို်င်မြေအလွတ်ဖြစ်ပြီး ကလေးကစားကွင်း မြေနေရာအဖြစ် သတ်မှတ်ဖော်ပြထားခြင်း မရှိကြောင်း ၀န်ကြီး ဒေါ်နီလာကျော် ကပြောသည်။

ထိ့ုအပြင် အားကစားကွင်းတစ်ကွင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ်တွင် အဆင့်မြှင့််အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန် ဘတ်ဂျက်မှာလည်း ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မေလ ၂၃ ရက်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required