အီတလီတွင် ရထားလမ်းချော်ရာမှ လူနှစ်ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရ

အီတလီတွင် ရထားလမ်းချော်ရာမှ လူနှစ်ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရ

ရောမ၊ မေ ၂၄ ။         ။ အီတလီမြောက်ပိုင်း တူရင်မြို့အနီးတွင် ခရီးသည်တင်ရထားတစ်စီး လမ်းချော်မှုဖြစ်ရာ လူနှစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရကြောင်း ANSA သတင်းဌာနက မေ ၂၄ ရက်တွင် ဖော်ပြသည်။

တူရင်မြို့မှ ၃၅ ကီလိုမီတာခန့်အကွာ အရီကျေးရွာအနီး မေ ၂၃ ရက် ည ဆယ်တစ်နာရီခွဲခန့်တွင် ရထားလမ်းဆုံကို ဖြတ်သန်းရာ ထရပ်ကားတစ်စီးနှင့် ရထား တိုက်မိရာမှ လမ်းချော်ခြင်းဖြစ်သည်။

သေဆုံးဒဏ်ရာရသူများတွင် ရထားမောင်းသူလည်း ပါဝင်သည်။

ရထားစက်ခေါင်းနှင့်အတူ တွဲဆိုင်းနှစ်ဆိုင်း လမ်းချော်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required