စက်မှုဇုန်တည်ဆောက်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရက မြေယာဖော်ဆောင်မည်

စက်မှုဇုန်တည်ဆောက်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရက မြေယာဖော်ဆောင်မည်
Photo: Mara/Flickr

မေလ ၂၄ ။         ။ ပဲခူးတိုင်းဒေသကြီးတွင် စက်ဇုန်တည်ဆောက်ရေးအတွက် တိုင်းအစိုးရမှ  မြေယာဖော်ဆောင်ပေးမည် ဖြစ်ကြောင်း မေ ၁၉ ရက် Global New Light of Myanmar သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

“စက်မှုဇုန်တွေသာ ဖြစ်ထွန်းလာရင် ကျွန်တော်တို့ ဒေသဖွံ့ဖြိုးလာမှာ ဖြစ်တယ်။ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်မှာပဲ။”ဟု ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးညွန့်ရွှေက ပြောကြောင်း ယင်းသတင်းစာက ဖော်ပြထားသည်။

ပဲခူးတိုင်းဒေသကြီးအနေဖြင့် စက်မှုဇုန်များ ဖြစ်ထွန်းရေးအတွက် မြေနေရာအခက်အခဲ မရှိကြောင်း တိုင်းဒေသကြီးအစိုးရက သတင်းစာသို့ ပြောထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး “ အစီအစဉ်ရှိတာတော့ ကြားတော့ကြားတယ်။ အသေးစိတ်တော့ မသိဘူး။  အစိုးရကို တိုက်ရိုက်မေးတာ ပိုကောင်းမယ်” ဟု ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းစံက မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း စက်မှုဇုန်များ ဖြစ်ထွန်းရေးတွင် အဓိက ရင်းနှီးမြှုပ်နှံကြသည့် တရုတ်နှင့် တောင်ကိုရီးယား တို့မှ အများစုရေင်းနှီးမြုပ်နှံသူများက မကြာသေးမီက လာရောက်ထားခဲ့စဉ်မှာ ယခု ထုတ်ပြန်ချက် ထုတ်ခဲ့ခြင်း လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly