Great Wall မာရသွန်ပြိုင်ပွဲ ကမ္ဘာတစ်ဝှမ်းက အပြေးသမားများ ပါ၀င်ယှဉ်ပြိုင်

Great Wall မာရသွန်ပြိုင်ပွဲ ကမ္ဘာတစ်ဝှမ်းက အပြေးသမားများ ပါ၀င်ယှဉ်ပြိုင်

 

မေ ၂၄ ။             ။ တရုတ်နိုင်ငံက နာမည်ကျော် မဟာတံတိုင်းကြီး (The Great Wall) ပေါ်မှာ မာရသွန် အပြေးပြိုင်ပွဲတစ်ရပ်ကို ကျင်းပခဲ့ရာမှာတော့ ကမ္ဘာတစ်ဝှမ်းက အပြေးဝါသနာရှင်ပေါင်းများစွာ ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။

အဆိုပါ မဟာတံတိုင်း မာရသွန် ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။

ယင်း မဟာတံတိုင်း မာရသွန် ပွဲဟာ ကမ္ဘာပေါ်က အခက်ခဲဆုံး ပြေးပွဲတွေထဲက တစ်ခုလည်း ဖြစ်သလို ကမ္ဘာ့ နာမည်ကျော် အထိမ်းအမှတ် နေရာတစ်ခုမှာ ကျင်းပတဲ့ အတွက် ထူးလည်း ထူးခြားပါတယ်။

ပါ၀င်ယှဉ်ပြိုင်ကြတဲ့ အပြေးသမားတွေကတော့ မဟာတံတိုင်းပေါ်က လှေခါးထစ်ပေါင်း ၅,၁၆၄ ခုကို  ပြေးတစ်လှည့်၊ လမ်းလျှောက်တစ်လှည့် ကြိုးပမ်း ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ ယင်းအတွက်ကြောင့် ပန်းဝင်ခါနီး နောက်ဆုံးနား ရောက်လာလေလေ အပြေးသမားတွေဟာ မဟန်နိုင်တော့ပဲ လှေခါးထစ်တွေကို တွားသွားတက်ရလုနီးပါးအထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

" ဒီ ပြိုင်ပွဲက အရမ်းကောင်းတယ်၊ အတော်လည်း ခက်ခဲတယ်၊ ကျွန်မဆို ပြိုင်ရင်းနဲ့ သေလုမတတ် ပါပဲ၊ တော်တော် ပင်ပန်းပါတယ်၊ ဒါပေမယ့် ပြိုင်ပွဲဝင်ရတာ တကယ့်အံ့ဖွယ်ပါ" ဆိုပြီး ပြိုင်ပွဲဝင် အမျိုးသမီးတစ်ဦးက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required