ပဲခူးတွင်ရွေးကောက် ပွဲစောင့်ကြည့်လေ့လာလိုသူများ စာရင်းသွင်းနိုင်

ပဲခူးတွင်ရွေးကောက် ပွဲစောင့်ကြည့်လေ့လာလိုသူများ စာရင်းသွင်းနိုင်

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တရားဝင်ခွင့်ပြုချက်ဖြင့်လေ့လာစောင့်ကြည့်ရေး ပြုလုပ်လိုသူများသည် ပူးပေါင်းပါဝင်နိုင်ရန် စာရင်း များပေးသွင်းနိုင် ပြီဖြစ်ကြောင်း ဖန်တီးအိမ် လူမှုအဖွဲ့အစည်းထံမှ သိရသည်။

ဖန်တီးအိမ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွက်လည်း တာဝန်ခံ ခန့်အပ်ပြီးဖြစ်ကြောင်း သိရသည်။

လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လိုသူများသည် မနန္ဒာထွဋ် ဖုန်း-၀၉ ၂၅၀၇၉၁၈၇၄၊ ကိုဝင်းပိုက်မျိုး ဖုန်း - ၀၉ ၅၀၆၉၁၃၁၊ ကိုမင်းဟိန်းဇော် ဖုန်း -၀၉ ၉၇၄၂၅၅၆၀၉ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required