ပါလက်စတိုင်းတို့၏ နယ်စပ်ဖြတ်ကျော် စီးနင်းမှုအပြီး ဟားမတ်စ်ပစ်မှတ်များကို အစ္စရေးစစ်လေယာဉ်များ ဗုံးကြဲ

ပါလက်စတိုင်းတို့၏ နယ်စပ်ဖြတ်ကျော် စီးနင်းမှုအပြီး ဟားမတ်စ်ပစ်မှတ်များကို အစ္စရေးစစ်လေယာဉ်များ ဗုံးကြဲ

ဂျေရုဆလင်၊ မေ ၂၃ ။           ။ ပါလက်စတိုင်းဖက်က နယ်စပ်ဖြတ်ကျော် စီးနင်းမှု လုပ်ဆောင်ခဲ့သည့် နောက်တစ်ရက်တွင် လက်တုံ့ပြန်ခြင်းအဖြစ် မေ ၂၃ ရက် အစောပိုင်းက ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်ပစ်မှတ်များကို အစ္စရေးစစ်လေယာဉ်များ ဗုံးကြဲခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်သည်။

“အစ္စရေးလေတပ် စစ်လေယာဉ်များက မြောက်ပိုင်းဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်အစွန်းရောက်အဖွဲ့၏ မြေအောက်အကြမ်းဖက်အဆောက်အအုံနှင့် ဟားမတ်စ် ရေတပ်ပိုင်ဖြစ်သော စစ်ပစ်မှတ်နှစ်ခုတို့ကို
ဗုံးကြဲတို်က်ခိုက်ခဲ့ကြောင်း။” အစ္စရေးစစ်တပ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သည်။

“ယခု လေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သည့် ရက် မနက်ပိုင်းက အစ္စရေးပိုင်နက်အတွင်း အစွန်းရောက်အချို့ စိမ့်ဝင်ထိုးဖောက်ကာ စစ်စခန်းတစ်ခုကို မီးရှို့ခဲ့ခြင်းအား လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း။”
ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဂါဇာဖက်မှ လူများက မေ ၂၂ ရက် နံနက်ပိုင်းတွင် နယ်စပ်စည်းရိုးကို ချိုးဖျက်ကာ အစ္စရေးပိုင်နက်အတွင်းက လူမရှိသော စစ်စခန်းတစ်ခုကို မီးရှို့ခဲ့ပြီးနောက် ယင်းနေ့အတွင်းမှာပင် အစ္စရေးတင့်ကားတစ်စီးက ဟားမတ်စ်ပစ်မှတ်တစ်ရပ်အား ပစ်ခတ်ခဲ့သည်။

ယနေ့ မေ ၂၃ ရက် အစ္စရေး၏ လေကြောင်းတို်က်ခိုက်မှုအတွင်း သေကျေပျက်စီးမှု သတင်း မကြားသိရသေးပေ။

၁၉၄၈ ခုနှစ်က စစ်ပွဲအတွင်း အစ္စရေးထံ အရှုံးပေးလိုက်ရ၍ နယ်မြေအတွင်းက စွန့်ခွာခဲ့ရသော ပါလက်စတိုင်းများ စုရုံးနေရပ်ပြန်မှုအဖြစ် ဆန္ဒပြမှုများ ဖြစ်ပွားရာ မတ် ၃၀ ရက်က စတင်ပြီး ဂါဇာနယ်စပ်တွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required