တရားမဝင်သစ်ခိုးထုတ်မှုများမှ သစ်တန်ချိန် ၄ဝ,ဝဝဝ ကျော်အား တစ်နှစ်အတွင်း ဖမ်းမိ

တရားမဝင်သစ်ခိုးထုတ်မှုများမှ သစ်တန်ချိန် ၄ဝ,ဝဝဝ ကျော်အား တစ်နှစ်အတွင်း ဖမ်းမိ
ဓာတ်ပုံ - သစ်တောစစ်ဆေးရေးဌာန

ရန်ကုန်၊ မေလ ၂၃ ။                    ။ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ တစ်နှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုမှ သစ်တန်ချိန် ပေါင်း ၄၈,၆၈၁ တန်ကျော်ထိ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောစစ်ဆေးရေးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်မျိုးထွေးက မဇ္စျိမသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးရသည့် သစ်တန်ချိန် ၄ဝ,ဝဝဝ ကျော်မှာ ၂ဝ၁၇ ခုနှစ်၊ ဧပြီလ မှ ၂ဝ၁၈ ခုနှစ် မတ်လထိ ဖမ်းဆီး ရမိသည့် ပမာဏဖြစ်ပြီး သစ်များအပြင် သစ်ခိုးထုတ်သည့်တရားခံ ဦးရေ ရ,၃ဝဝ၊ ယာဉ်ယန္တရား ၃,၄၈၃ စီးထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ ဖမ်းဆီးရမိတဲ့သစ်တွေကိုတော့ ဖမ်းဆီးရမိဆိုတော့ မြန်မာ့သစ်လုပ်ငန်းကို လွဲတာပေါ့။ မြန်မာ့သစ်လုပ်ငန်း ကနေပြီးတော့ပဲ ဒီသစ်တွေကို နိ်ုင်ငံတော်အတွက်ပေါ့ လေလံတင်ရောင်းတာတို့ ဒီလိုမျိုးတွေ သူတို့ စီမံခန့်ခွဲ တာပေါ့နော်။ ဒါမျိုးတွေလုပ်ပါတယ်”ဟု သစ်တောဦးစီးဌာ၊ စစ်ဆေးရေးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်မျိုး ထွေးက ပြောသည်။

၂ဝ၁၇ - ၁၈ ခုနှစ်အတွင်း အဆိုပါဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန်များအနက် ရှမ်းပြည်နယ်၊ တောင်ကြီးမှ သစ်တန်ချိန် ၁၂,၄ဝဝ ခန့်ဖြင့် အများဆုံး စံချိန်တင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့အနေနဲ့ လစဉ်၊ အပတ်စဉ် မြို့နယ်၊ ခရိုင်အလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စီမံချက် တွေချပြီး အဖမ်းအဆီးတွေ လုပ်နေတယ်။ စီမံချက်တွေကို ရုံးချုပ်ကနေရေးဆွဲပြီးတော့ လုပ်ဆောင်နေတယ်။ ဒါ့အပြင် အထူးစီမံချက်အနေနဲ့ ပြည်သူအခြေပြု စောင့်ကြည့်သတင်းပို့စနစ်ပေါ့ ။ဒါနဲ့လည်း ၂ဝ၁၇၊ ၉ လပိုင်း ကတည်းကစလုပ်နေတယ်”ဟု လက်ရှိ တရားမဝင်သစ်များ ဖမ်းဆီးနေသည့် အခြေအနေအား ဦးကျော်မျိုးထွေး က ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် သစ်များအနက် အခြားသား (လက်ပံ၊ ယူကလစ်)မှာ ၂၄,ဝဝဝ ကျော်ဖြင့် အများဆုံးဖမ်းဆီး ရမိခဲ့ပြီး သစ်မာ( ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ အင်ကြင်း) သစ်တန်ချိန် ၁၃,ဝဝဝ ကျော်နှင့် ကျွန်း သစ်တန်ချိန် ၁၁,ဝဝဝ ကျော် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၆ - ၁၇ ခုနှစ်အတွင်းက တရားမဝင် ခိုးထုတ်ထားသည့် သစ်တန်ချိန် ၅ဝ,ဝ၂၆ တန်ထိ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ရာ ယခုနှစ်အတွင်း သစ်တန်ချိန် ၄၈,၆၈၁ တန်ထိ ဖမ်ဆီးရမိခဲ့ခြင်းဖြစ်သဖြင့် သစ်တန်ချိန် ၁၃၄၅ တန်ထိ လျော့ကျသွားကြောင်း တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly