စစ်မှုထမ်းနေစဉ် ဆေးရုံတက်ခဲ့ရသည့် BIGBANG အဖွဲ့ဝင် Daesung

စစ်မှုထမ်းနေစဉ် ဆေးရုံတက်ခဲ့ရသည့် BIGBANG အဖွဲ့ဝင် Daesung

တောင်ကိုရီးယားမှ နာမည်ကြီးတေးဂီတအဖွဲ့ဖြစ်သော BIGBANG ၏ အဖွဲ့ဝင်အဆိုတော် Daesung သည် မကြာသေးခင်က စစ်မှုထမ်းတာဝန်ထမ်းဆောင်နေစဉ် ဆေးရုံတက်၍ ကုသမှုခံယူခဲ့ရကြောင်း သတင်းအများ အပြားက ဖော်ပြခဲ့သည်။

မေလ ၂၃ ရက်နေ့တွင် သူ၏အေဂျင်စီဖြစ်သော YG Entertainment က “ BIGBANG ရဲ့ Daesung ဟာ မကြာသေးခင်က လည်ချောင်းနာဝေဒနာကြောင့် စစ်ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။ သူဟာ ဆေးရုံနှစ်ရက် လောက်တက်ခဲ့ရပြီး အခုသူ့ရဲ့ စစ်စခန်းကိုပြန်သွားပါပြီ” ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး YG Entertaiment က “ဒါဟာ အထူးတလည်စိုးရိမ်ရတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ သူ့ရဲ့အခြေအနေ အားလုံးကောင်းပါတယ်” ဟုလည်း ပြောဆိုခဲ့သည်။

ဒါ့အပြင် အခြားသတင်းဌာနများကလည်း Daesung သည် ချန်ချီအွန်စစ်ဆေးရုံ၌ ကုသမှုခံယူခဲ့ရခြင်းဖြစ်သည် ဟု မေလ ၂၃ ရက်နေ့တွင် အပြိုင်အဆိုင်ဖော်ပြခဲ့ကြသည်။

ထိုဖော်ပြချက်များနှင့်ပက်သက်၍ ယင်းစစ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက “ သူဆေးရုံကိုလာပြီး ကုသမှုခံယူခဲ့ရ တယ်ဆိုတာ အမှန်ပါပဲ။ အခုတော့ သူဆေးရုံက ဆင်းသွားပါပြီ” ဟု ပြောဆိုခဲ့သည်။

Daesung သည် နိုင်ငံသားတာဝန်အရ စစ်မှုထမ်းခြင်းကို လွန်ခဲ့သောမတ်လ ၁၃ ရက်နေ့က စတင်ခဲ့ပြီး အမှတ် ၂၇ ခြေလျင်တပ်ရင်းသို့ ၀င်ရောက်ခဲ့သည်။ အခြေခံစစ်သင်တန်းများ ပြီးဆုံးသွားချိန်တွင် သူသည် လက်ရှိအချိန်တွင် တပ်သားတစ်ဦးအဖြစ် တက်ကြွစွာ တာဝန်ထမ်းဆောင်လျက်ရှိသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly