ရွေးကောက်ပွဲ ၀င်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ

နိုဝင်ဘာလ ၈ ရက်တွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည် ဖြစ်ရာ မဇ္ဈိမက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှွတ်တော် ကိုယ်စားလှယ်လောင်း များနှင့်တွေ့ ဆုံပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်၊ ရွေးကောက်ပွဲအောင်မြင်ပြီး နောက်လွှတ်တော်တွင် လုပ်ဆောင်မည့် အချက်များကို မေးမြန်းထား ကာကောက်နှုတ်ဖော်ပြပေးသွား မည်ဖြစ် သည်။  

ဒေါ်စိန်ကျော့နု

ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ် - စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ရည်ရွယ်ချက်

နိုင်ငံသားတိုင်းအတွက်၊ ပြည်သူအတွက် တိုင်းပြည်သားတိုင်းအတွက် ကျွန်မကိုယ်စားပြုပြီး တော့ တစ်ဖက်တစ်လမ်းကနေ လုပ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဝင်လာတာပါ။

အနိုင်ရရင် လွှတ်တော်ထဲမှာ ဘာလုပ်မလဲ

ကျွန်မကတော့ နိုင်လာခဲ့မယ်ဆိုလို့ရှိရင် အဓိကကတော့ အရင်ဆုံးပေါ့နော်။  မဲဆန္ဒနယ်ခံယူ တဲ့ မြို့နယ်အတွက် ကျွန်မက အကုန်လုံး သူတို့ရဲ့ political policy တွေ ပြီးလို့ရှိရင် တကယ့် လိုအပ် ချက်တွေကို ကျွန်မဖြည့်ဆည်းသွားမှာပါ။ နောက်တစ်ခုကကျတော့ ကျွန်မတို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေ။ အဲ့ဒါလေးတွေ တစ်တပ်တစ်အား အကုန်လုံး ကိုယ်ရနိုင်သမျှဟာကို ကူညီပေး မယ် ပေါ့နော်။ ပြီးတော့ လယ်ယာမြေကိစ္စ အိမ်ယာမြေကိစ္စတွေ ကျွန်မလုပ်ဆောင် ထားတာတွေ ရှိပါတယ်။ အရင်ကတည်းက အဲ့ဒီဟာနဲ့ ပတ်သက်ပြီး အကုန်လုံးကို တတ်နိုင်သမျှပေါ့နော်။ ပြည်သူ က လိုအပ်လာလို့ရှိရင် ကျွန်မဘက်ကနေ အစွမ်းကုန် တတ်နိုင်သမျှတွေ ကူညီသွားမှာပါ။
---------------------------------------------------------------------------------------------------------------

နော်ဝါးဝါးထူး
ကရင်ပြည်သူ့ပါတီ

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ် - အင်းစိန်မြို့နယ်

ရည်ရွယ်ချက်

၂၀၁၀ တုန်းကဆို ကိုယ်တိုင် မဲမပေးခဲ့ဘူး။ အယုံအကြည်မရှိလို့ ။ ဒီ ၂၀၁၅ အတွေ့အကြုံကို ဘယ်လောက်အတိုင်းအတာအထိ နိုင်ငံက ဒီမိုကရေစီကို လက်တွေ ကျင့်သုံးနိုင်တယ်ဆိုတာ၊ … အဲ့ဒီဟာတွေ ကိုယ်တိုင်လည်း သိချင်တယ်။ .. ကိုယ့်ရဲ့ မဲဆန္ဒနယ်မြေထဲမှာ လုပ်လို့ရတဲ့ အရာတွေ အများကြီးရှိတယ်။ လုပ်နိုင်တဲ့ အရာတွေလည်း ရှိတယ်။ အဲ့ဒါတွေကို လုပ်ချင်လွန်းလို့ ဝင်ပြိုင်ခြင်း ဖြစ်တယ်ပေါ့နော်။

အနိုင်ရရင် လွှတ်တော်ထဲမှာ ဘာလုပ်မလဲ

ကျွန်မဟာ ကရင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ လူမှုရေးတွေ ခံစားနေရတဲ့ အရာတွေ ရှိတယ်လေ။ အထူးသဖြင့် အခုအချိန်အထိ တော်တော်များများ မှတ်ပုံတင်တို့ သန်းခေါင်စာရင်းတို့ အစိုးရရဲ့ ချမှတ်တဲ့ ဥပဒေတွေကို နားမလည်ဘဲနဲ့ အမြဲစိုးရိမ်ပူပန်နေရတဲ့အရာ။  ဒါဟာ လူသားတစ် ယောက်အနေနဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ရှိတယ်ဆိုတာကို သူတို့ နားလည်စေချင်တယ်။ ဒါတွေ ကိုပါ လွယ်လွယ်ကူကူ လုပ်လို့ ရစေချင်တယ်။ ..  အခုလောလောဆယ်ဟာ အခုဆိုရင် မဲစာရင်းတွေ က ကမောက်ကမတွေ ဖြစ်နေတယ်။ ဒါတွေဟာ မဖြစ်သင့်တော့ဘူးလေ။  အဲ့ဒါတွေ ဖြစ်နေတဲ့ အရာ တွေကို အဓိက အရင်ဆုံးလုပ်ချင်တယ်။
---------------------------------------------------------------------------------------------------------------------

နန့်သီတာဆွေ
ကရင် အမျိုးသားပါတီ

ဝင်ရောက်ရွေးချယ်ခံမည့် မဲဆန္ဒနယ် - အိမ်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်

ရည်ရွယ်ချက်

မျိုးဆက်သစ် လူငယ်တစ်ယောက်အနေနဲ့ အစ်မ ဝင်ရောက်ယှဉ်ပြိုင် ပေးတာပေါ့နော်။

အနိုင်ရရင် လွှတ်တော်ထဲမှာ ဘာလုပ်မလဲ

ရည်ရွယ်ထားကတော့ အစ်မ အကယ်၍  ရခဲ့မယ်ဆိုလို့ရှိရင် တိုင်းဒေသကြီးဆိုတော့ တိုင်းလောက်ပဲ ကိုယ့်မြို့နယ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လေးတွေရယ်၊ နောက်ပြီး ကိုယ့်လူမျိုး၊ နောက်ပြီးတော့ ကရင်လူမျိုးဆိုပေမဲ့ တိုးတက်တာ လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ ကိုယ်လူ တွေရဲ့ စာပေတို့ ယဉ်ကျေးမှုတို့ အဲ့ဒါတွေကို စပြီးတော့ လုပ်ဆောင်ချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly