ကမ္ဘာ့ရေထုတိုင်းတာရေးအတွက် အမေရိကန်နှင့် ဂျာမနီ ပြိုင်ကားအရွယ် ဂြိုလ်တုနှစ်လုံး လွှင့်တင်

ကမ္ဘာ့ရေထုတိုင်းတာရေးအတွက် အမေရိကန်နှင့် ဂျာမနီ ပြိုင်ကားအရွယ် ဂြိုလ်တုနှစ်လုံး လွှင့်တင်

၀ါရှင်တန်၊ မေ ၂၃ ။           ။ ကမ္ဘာမြေတွင် ပင်လယ်ရေ မြင့်တက်မှု၊ ရေခဲများ အရည်ပျော်မှုနှင့် မိုးခေါင်မှုတို့ကို တိုင်းထွာရန် အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့ တည်ဆောက်သော ပြိုင်ကားအရွယ် ဂြိုလ်တုနှစ်လုံးကို ေမေ ၂၂ ရက်က SpaceX ဒုံးကျည်တစ်စင်းဖြင့် လွှင့်တင်ခဲ့သည်။

ကယ်လီဖိုးနီးယားရှိ ဗန်ဒန်ဘတ်ချ်လေတပ်အခြေစိုက်စခန်းတွင် “သုံး၊ နှစ်၊ တစ်၊ လွှင့်တင်”ဟု SpaceX ကွပ်ကဲရေးမှူးတစ်ဦးက အချက်ပြအမိန့်ပေးလိုက်ရာ ဖယ်ကွန်-၉ ဒုံးကျည်ဖြင့် အဆိုပါ ဂြိုလ်တုနှစ်လုံးအား တင်ဆောင်ကာ အာကာသအတွင်း နေ့လယ် ၁၂ နာရီ ၄၇ မိနစ်၌ လွှင့်တင်လိုက်ခြင်း ဖြစ်သည်။

ဒေါ်လာ ၅၂၁ သန်း ကုန်ကျသော အဆိုပါ ဂြိုလ်တုများသည် အစီအစဉ်အတိုင်း ကမ္ဘာမှ အမြင့် မိုင် ၃၁၀ အကွာ ဂြိုလ်ပတ်လမ်းအတွင်း လွှင့်တင်ပြီး ဆယ်မိနစ်အတွင်း ချောမောစွာ ရောက်ရှိဖြန့်ကြက်နိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်အတွင်း လွှင့်တင်ခဲ့ကာ ဂရင်းလန်းနှင့် အန္တာတိကတို့မှ ရေခဲများ အရည်ပျော်မှုကို ၂၀၁၇ ခုနှစ်အထိ တိုင်းထွာခဲ့သော ဂြိုလ်တုနှစ်စုံ၏ လုပ်ငန်းတာဝန်ကို ယခုဂြိုလ်တုများက ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ယခု ဂြိုလ်တုနှစ်လုံးက မြေအောက်ရေ၊ သမုဒ္ဒရာ၊ အင်းအိုင်များ၊  မြစ်ချောင်းများနှင့် ရေခဲလွှာများကိုလည်း စောင့်ကြည့်ထောက်လှမ်းရေးအတွက် အမေရိကန်အာကာသအေဂျင်စီနှင့် ဂျာမနီ ပထဝီသိပ္ပံသုတေသနစင်တာတို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required