တာ့ချ်မဟာမှာ သောင်းကျန်းလွန်းတဲ့ မျောက်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ဒဏ်ရာအနာတရဖြစ်

တာ့ချ်မဟာမှာ သောင်းကျန်းလွန်းတဲ့ မျောက်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ဒဏ်ရာအနာတရဖြစ်

နယူးဒေလီ၊ မေ ၂၂ ။           ။ အိန္ဒိယနို်င်ငံက ကမ္ဘာ့အထင်ကရ တာ့ချ်မဟာမှာ selfies ရိုက်တဲ့ ပြင်သစ်ခရီးသွားနှစ်ဦးကို မျောက်ဝံတွေက တိုက်ခိုက်တာကြောင့် မျောက်တွေကို ဂရုတစ်စိုက်ထားကာ မောင်းထုတ်ပစ်ရန် ကမ္ဘာလှည့်ခရီးသွားတွေကို အိန္ဒိယတာဝန်ရှိသူတွေက မေ ၂၂ ရက်မှာ တိုက်တွန်းထားပါတယ်။

အိန္ဒိယရဲ့ အထင်ကရဆွဲဆောင်မှုအရှိဆုံး တာ့ချ်မဟာမှာ ပြင်သစ်ဧည့်သည်နှစ်ဦးက ဓာတ်ပုံရိုက်ချိန် မျောက်တွေ တိုက်ခိုက်တာကြောင့် သွေးထွက်သံယိုဖြစ်ရပြီး ကိုက်ရာတွေပါ ထင်ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနဲ့ ရိုက်ယူလိုက်နိုင်တဲ့ ဗီဒီယိုမြင်ကွင်းမှာ မေ ၂၂ ရက် အစောပိုင်းက အချစ်ဗိမာန်အဆောက်အအုံ တာ့ချ်မဟာမှာ ပြင်သစ်ဧည့်သည်နှစ်ဦးကို မျောက်တွေ ဒါဇင်ချီက လိုက်လံတိုက်ခိုက်တာကို မြင်တွေ့ရပါတယ်။

မျောက်တွေရဲ့ ခုလို တို်က်ခိုက်တာကို ခံရတဲ့ ဧည့်သည်တွေကို ကူညီပေးခဲ့ကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ရဲအရာရှိ ပန်ဒေးက အေအက်ဖ်ပီကို ပြောပါတယ်။

“သူတို့က တာ့ချ်မဟာရှေ့မှာ selfies ရိုက်နေချိန် မြောက်တွေက တိုက်ခိုက်တော့တာပါ။”လို့ ၎င်းက ဆိုပါတယ်။ တာ့ချ်မဟာမှာ မျောက်ကောင်ရေ ရာပေါင်းများစွာ ရှိနေပြီး အာဏာပိုင်တွေအနေနဲ့လည်း ခရီးသွားတွေကို မျောက်တွေက ရန်လုပ်တာမျိုးတွေ ဖြစ်မလာရအောင် လုံးပမ်းနေရတာ ဖြစ်ပါတယ်။

ခရီးသွားတွေအနေနဲ့ မျောက်တွေနဲ့ လွတ်အောင် ရှောင်ကြပြီး သူတို့ကို အစားအစာ ကျွေးမွေးတာမျိုးတွေလည်း မလုပ်ကြဖို့ ပန်ဒေးက အကြံပြုပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly