အီရတ်တွင် ဘယ်ဂျီယမ်နိုင်ငံသား အိုင်အက်စ်အဖွဲ့ဝင်အား သေဆုံးပေး

အီရတ်တွင် ဘယ်ဂျီယမ်နိုင်ငံသား အိုင်အက်စ်အဖွဲ့ဝင်အား သေဆုံးပေး

ဘဂ္ဂဒက်၊ မေ ၂၂ ။        ။ အီရတ်တရားရုံးတစ်ရုံးက ဝါဒဖြန့်ချိရေး ဗီဒီယိုများတွင် ဥရောပကို ခြိမ်းခြောက်သည့် ဘယ်ဂျီယမ်နိုင်ငံသား ဂျီဟတ်ဝါဒီတစ်ဦးအား အိုင်အက်စ်အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် ကြိုပေးသေဒဏ်မိန့်အား မေ ၂၂ ရက်တွင် ချမှတ်လိုက်သည်။

အစ္စလာမ္မစ်နိုင်ငံတော်ဟု သိမ်းယူကြေညာသော အိုင်အက်စ်အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် နို်င်ငံခြားသားများအား ပဋိပက္ခများဒဏ်ခံ အီရတ်နိုင်ငံအနေဖြင့် ပြင်းထန်သည့် ပြစ်ဒဏ် ပေးခြင်းလည်းပဲ ဖြစ်သည်။

အဘူဟမ်ဇာဘယ်ဂျီကီဟု နာမည်ခံထားသော ဘယ်ဂျီယမ်နို်င်ငံသား တာရစ်ဂျာဒေါင်းသည် အစောပိုင်းက အစွန်းရောက်စွဲချက်များအတွက် အပြစ်မရှိကြောင်း ဆိုပြီး သက်ညှာခွင့်ကို လျှောက်ထားခဲ့သည်။

၁၉၈၈ ခုနှစ်ဖွား တာရစ်အား ယခင်အိုင်အက်စ်သိမ်းပိုက်ခံနယ်မြေဖြစ်ခဲ့သည့် မိုဆူးလ်မြို့တွင် သြဂုတ်လအတွင်းက ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဘဂ္ဂဒက်တရားရုံး ရှေ့မှောက်တွင် သနပ်ခါးရောင် ထောင်ဝတ်စုံနှင့် တာရစ်က ခေါင်းတုံးရိတ်ထားကာ မုတ်ဆိတ်မွေး ဗလပွဖြင့် လာရောက်တရားရင်ဆိုင်ရခြင်း ဖြစ်သည်။

ဆယ်မိနစ်ကြာ တရားရုံးကြားနာပြီးနောက် တရားသူကြီးက ၎င်းအား ‘မသေမချင်း ကြိုးကွင်းစွပ်သတ်ရန်’ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

အမိန့်အား ဖတ်ကြားပြီးနောက် ကာကွယ်ပိုင်ခွင့်ကို ငြင်းဆန်သော တာရစ်ကို အစောင့်များက မျက်နှာကို ဖုံးလွှမ်းကာ တရားရုံးအပြင်ဖက် ဗင်ကားထဲ ချက်ချင်းခေါ်ဆောင်သွားခဲ့သည်။

တာရစ်အနေဖြင့် စီရင်ချက် မချခံရသေးဘဲ အယူခံဝင်ရန် ရက် ၃၀ အချိန်ရမည်ဖြစ်သည်။ ထပ်တိုးအပြစ်ဒဏ်အဖြစ် ၎င်းအား အီရတ်နယ်စပ်အား တရားမဝင် ဖြတ်သန်းမှုအတွက် ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် အမေရိကန်ဒေါ်လာ ၂၃၀၀ (ယူရိုငွေ ၂၀၀၀) ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly