ပါရာဂွေးက ဂျေရုဆလင်သို့ သံရုံးရွှေ့ပြောင်း ဖွင့်လှစ်

ပါရာဂွေးက ဂျေရုဆလင်သို့ သံရုံးရွှေ့ပြောင်း ဖွင့်လှစ်

ဂျေရုဆလင်၊ မေ ၂၂ ။           ။ အမေရိကန်နှင့် ဂွါတီမာလာနိုင်ငံတို့၏ လုပ်ဆောင်ချက်အတိုင်း ပါရာဂွေးနိုင်ငံ၏ သမ္မတသည်လည်း အစ္စရေးတွင် သံရုံးအား ဂျေရုဆလင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရာ အခမ်းအနားသို့ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။

ဂျေရုဆလင်တွင် အမေရိကန်သံရုံး ဖွင့်လှစ်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများတွင် အစ္စရေးစစ်သားများ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၆၀ သေဆုံးပြီး သီတင်းတစ်ပတ်အကြာ တဲလ်အဗစ်မှ ဂျေရုဆလင်သို့ ပါရာဂွေးသံရုံး ပြောင်းရွှေ့ဖွင့်လှစ်သည့် ဆုံးဖြတ်ချက်အား ပါရာဂွေးသမ္မတ ဟိုရာစီယိုကာတက်စ်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့က ချီးကျူးဂုဏ်ပြုသည်။

ယခု သံရုံးဖွင့်လှစ်ခြင်းသည် “မိတ်ဆွေရင်းနှီးမှုအတွက် အခြားသော သမိုင်းဝင်ဖြစ်စဉ်ပါ။”ဟု ဟိုရာစီယိုက ပြောသည်။

“အစ္စရေးအတွက် ကြီးကျယ်တဲ့ နေ့ပါပဲ။ ကျွန်တော်တို့ မိတ်ဖက်ပြုမှုအတွက်လည်း  တကယ့်နေ့ထူးတစ်နေ့ပါ။”ဟု နေတန်ယာဟုကလည်း ဆိုသည်။

အမေရိကန်၊ ဂွါတီမာလာနှင့် ပါရာဂွေးတို့၏ ဂျေရုဆလင်သို့ သံရုံးများ ပြောင်းရွှေ့ဖွင့်လှစ်ခြင်းမှာ နိုင်ငံတကာက အသိအမှတ်မပြုထားသည့်ကြားမှ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းပဲ ဖြစ်သည်။

ဂျေရုဆလင်နှင့် ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား အော်စလိုသဘောတူညီမှုအရ စေ့စပ်ညှိနှိုင်းမှုများဖြင့် ဂျေရုဆလင်အား ဆုံးဖြတ်ရန် သဘောတူထားကြခြင်း ဖြစ်သည်။

၁၉၆၇ ခုနှစ် ခြောက်ရက်တာ စစ်ပွဲအတွင်း  အစ္စရေးတို့ ကျူးကျော်သိမ်းပိုက်ခဲ့သည့် အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းကလည်း ၎င်းတို့ အနာဂတ်နိုင်ငံ၏ မြို့တော်အဖြစ် ရှုမြင်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required