ထိုင်းတွင် စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်သူများ ဖမ်းဆီးထိန်းသိမ်းခံရ

ထိုင်းတွင် စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်သူများ ဖမ်းဆီးထိန်းသိမ်းခံရ

မေ ၂၂ ။         ။ ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မတ်လ ၂၂ ရက်က ဘန်ကောက်မြို့တွင် လက်ရှိစစ်အစိုးရအပေါ် ကန့်ကွက်ဆန္ဒပြသည့် ဆန္ဒပြပွဲ၏ ခေါင်းဆောင်များအား ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

မူလက အဆိုပါ စစ်အစိုးရဆန့်ကျင်ဆန္ဒပြသူများသည် ယင်းနေ့မှာပင် အစိုးရအိမ်တော်သို့ စုရုံးချီတက်ပြီး ရွေးကောက်ပွဲအမြန်ဆုံး ပြန်လည်ကျင်းပပေးရေး တောင်းဆိုရန် စီစဉ်ခဲ့စဉ်အတွင်း ယခုကဲ့သို့ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိန်းသိမ်းခံရသည့် ဆန္ဒပြခေါင်းဆောင်များမှာ ရဲတပ်ဖွဲ့၏ ဗင်ကားများသို့ တက်ရောက်စဉ် စစ်အစိုးရတော်လှန်ရေး သင်္ကေတ လေထဲသို့ လက်သုံးချောင်းထောင် အလေးပြုမှုကို ပြုလုပ်သွားခဲ့ကြသည်။

အလားတူ ယင်းဆန္ဒပြမှုသည် စစ်တပ်အာဏာရယူပြီးနောက်ပိုင်း အကြီးဆုံးသော ပုန်ကန်ဆန့်ကျင်မှု လုပ်ရပ်လည်း ဖြစ်လာခဲ့သည်။

၂၀၁၄ မေလ ၂၂ ရက်က ရွေးကောက်ခံ ယင်လပ်အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ယင်းနိုင်ငံတွင် နိုင်ငံရေး စုဝေးလှုပ်ရှားမှုများကို ပိတ်ပင်တားမြစ်ထားခဲ့သော်လည်း စစ်အစိုးရအပေါ် မကျေနပ်မှုများက ပိုမို၍ တအုံနွေးနွေး ဖြစ်လာနေခဲ့သည်။

လက်ရှိ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ရွေးကောက်ပွဲများကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ကျင်းပပေးမည်ဟု ပြောထားသော်လည်း ဒီမိုကရေစီစနစ်သို့ တဖန်ပြန်ကျင့်သုံးမည့် အချိန်ကာလနှင့်ပတ်သက်၍ အချိန်ဇယားသတ်မှတ်မှုမှာ ထပ်ခါတလဲလဲ နောက်ဆုတ်ကြန့်ကြာနေခဲ့ရာ အစိုးရအပေါ် စိတ်ရှည်သည်းခံနိုင်မှုများက ပိုမိုပါးလျလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required