အာဆင်နယ်နည်းပြသစ်အဖြစ် အမ်မရီကို အတည်ပြုရန် နီးစပ်နေ

အာဆင်နယ်နည်းပြသစ်အဖြစ် အမ်မရီကို အတည်ပြုရန် နီးစပ်နေ

 

မေ ၂၂၊ လန်ဒန်။                   ။ အာဆင်နယ်အသင်းနှင့် လန်ဒန်တွင် တစ်ရက်ကြာဆွေးနွေးပြီးနောက် အာစင်ဝင်းဂါးနေရာဆက်ခံရန် သဘောတူခဲ့သည့် အမ်မရီသည် အာဆင်နယ်နည်းပြသစ်အဖြစ် အတည်ပြုခံရရန် နီးစပ်နေပြီဖြစ်သည်။

ပီအက်စ်ဂျီအသင်းကို နှစ်နှစ်ကြာကိုင်တွယ်ပြီး အမှတ်ပေးဖလားတစ်လုံးနှင့် ပြည်တွင်းဖလား လေးလုံးရခဲ့သည့် အသက် ၄၆ နှစ် အရွယ် စပိန်လူမျိုးနည်းပြသည် ပြီးခဲ့သည့်ရာသီကုန်တွင် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာထားသည်။

၎င်းသည် ယခင်က ဆီဗီလာအသင်းကို ၂၀၁၄ မှ ၂၀၁၆ ထိ သုံးနှစ်ဆက်တိုက် ယူရိုပါလိဂ်ဖလားရအောင် စွမ်းဆောင်ပေးထားသည်။

ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းပြည့်လျှင် အသင်းမှထွက်ခွာမည်ဟု ပြီးခဲ့သည့်လကတည်းက ကြေညာထားသူဖြစ်ပြီး ၎င်း၏နေရာကို အာဆင်နယ်နှင့်သတင်းထွက်ခဲ့ဖူးသည့် ဒေါ့မွန်နည်းပြ တူချယ်က ဆက်ခံခဲ့သည်။

အမ်မရီမှာ အင်္ဂလိပ်စကားအားနည်းသော်လည်း ဘာသာစကားအခက်အခဲမှာ ပြဿနာဖြစ်လာမည်မဟုတ်ဟု မျှော်လင့်ရပြီး ကြေညာချက်နှင့် သတင်းစာရှင်းလင်းပွဲမှာ ယခုတစ်ပတ်နှောင်းပိုင်းတွင် ဖြစ်လာနိုင်ဖွယ်ရှိသည်။

အာဆင်နယ်အသင်းကလျာထားသည့်စာရင်းတွင် ဂျူဗင်တပ်နည်းပြ အယ်လီဂရီ၊ ချယ်လ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း အန်ဆလော့တီ၊ အာဆင်နယ်ကစားသမားဟောင်းများဖြစ်သည့် အာတီတာ၊ အွန်နရီနှင့် ဗီအဲရာတို့ ပါဝင်နေသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly