နိုင်ငံမြို့တော်ကို အိုင်အက်စ်တို့လက်တွင်းမှ ဆီးရီးယားတပ်ဖွဲ့ ပြန်လည်သိမ်းပိုက်

နိုင်ငံမြို့တော်ကို အိုင်အက်စ်တို့လက်တွင်းမှ ဆီးရီးယားတပ်ဖွဲ့ ပြန်လည်သိမ်းပိုက်

ဒါမာစကပ်၊ ဆီးရီးယား၊ မေ ၂၂ ။            ။ ဆီးရီးယားတပ်ဖွဲ့များသည် အိုင်အက်စ်တို့လက်အောက်သို့ကျရောက်ခဲ့သော ၄င်းတို့၏မြို့တော် ဒါမာစကပ်ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့ကို မြို့တွင်းမှ အပြီးတိုင်မောင်းထုတ်နိုင်ခဲ့ပြီဖြစ်၍ တနင်္လာနေ့က အောင်ပွဲခံခဲ့ကြသည်။

သို့သော်လည်း အိုင်အက်စ်တပ်ဖွဲ့ဝင်အချို့သည် နိုင်ငံမြို့တော်တောင်ပိုင်း၌ အနည်းငယ်ကျန်ရှိနေဆဲဖြစ်သည် ဟု သိရသည်။ ဆီးရီးယားအစိုးရတပ်သားများနှင့် ပါလက်စတိုင်းမဟာမိတ်တပ်ဖွဲ့ဝင်အချို့သည် ပြီးခဲ့သော လကတည်းက ဒါမာစကပ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်။

ထို့နောက် ဆီးရီးယားတပ်ဖွဲ့မှတာဝန်ရှိသူများက ၄င်းတို့သည် အိုင်အက်စ်တို့ကို ဒါမာစကပ်နယ်မြေအတွင်းမှ မောင်းထုတ်နိုင်ခဲ့ပြီး မြို့တော်ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။

“ဒါမာစကပ်မြို့တော်နဲ့ ၄င်းရဲ့ဆင်ခြေဖုံးအရပ်ဒေသများ၊ မြို့တော်ကိုဝန်းရံထားတဲ့ မြို့ငယ်လေးတွေအားလုံးကို အပြည့်အဝလုံခြံုရေးပေးနိုင်ခဲ့ပြီလို့ ဆီးရီးယားစစ်တပ်က ယနေ့ကြေညာလိုက်ပါတယ်” ဟု ဆီးရီးယားစစ်တပ်မှ ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ ဖော်ပြထားသည်။

ဆက်လက်ပြီး “ဆီးရီးယားနယ်မြေအားလုံး သန့်စင်ခြင်းမရှိသရွေ့ ကျုပ်တို့ရဲ့စစ်ဆင်ရေးတွေကို ရပ်တန့်ဦးမှာ မဟုတ်ပါဘူး” ဟုလည်း ကြေညာချက်ထဲ၌ ဖော်ပြထားသည်။

အိုင်အက်စ်တို့အား အပြီးတိုင်မောင်းထုတ်နိုင်ခဲ့ပြီး နိုင်ငံမြို့တော်အား အလုံးစုံထိန်းချုပ်နိုင်ခြင်းသည် ၂၀၁၁ခုနှစ် ကတည်းကစတင်ခဲ့သော နိုင်ငံအတွင်းရှိရှည်လျားလှသည့် စစ်ပွဲကာလအတွင်း အဓိကမိုင်တိုင်တစ်ခုဖြစ်လာခဲ့ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required