ကိုမိုရို့စ် သမ္မတဟောင်းကို ပြည်သူလုံခြံုရေး ထိန်းသိမ်းရန်ဆိုကာ နေအိမ်အကျယ်ချုပ် ချ

ကိုမိုရို့စ် သမ္မတဟောင်းကို ပြည်သူလုံခြံုရေး ထိန်းသိမ်းရန်ဆိုကာ နေအိမ်အကျယ်ချုပ် ချ

မိုရိုနီ၊ မေ ၂၁ ။       ။ ကိုမိုရို့စ်နိုင်ငံတွင် လက်ရှိသမ္မတ အဇာလီအက်ဆောမာနီအား ဝေဖန်သူတစ်ဦးဖြစ်သည့် ယခင် သမ္မတဟောင်း အာမတ်အဗ္ဗဒူလက်ရှ်ဆမ်ဘီကို ပြည်သူ့လုံခြံုရေးကို ထိန်းသိမ်းရန် အလို့ငှာ မေ ၁၉ ရက် နှောင်းပိုင်းက နေအိမ်အကျယ်ချုပ် ချမှတ်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

“ပြီးခဲ့တဲ့ ရက်တွေအတွင်း သူ့လုပ်ရပ်ကို သုံးသပ်ပြီး ပြည်သူ့လုံခြံုရေးအတွက် ဆမ်ဘီကို နေအိမ်အကျယ်ချုပ် ချထားတာဖြစ်တယ်။”ဟု ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခြင်း ဖြစ်သည်။

ဆမ်ဘီအနေဖြင့် ခရီးသွားလာစရာ ရှိလျှင် အာဏာပိုင်များထံ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၆ မှ ၂၀၁၁ အတွင်း သမ္မတ ဖြစ်ခဲ့သည့် ဆမ်ဘီသည် “ဒီမိုကရေစီ ခြိမ်းခြောက် ခံနေရပြီဖြစ်ကြောင်း၊ အခွင့်အရေးများ ဆုံးရှုံးနေပြီဖြစ်ကြောင်း။” ပြောဆိုကာ လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်သည်။

အများအမြင်မှ ခြောက်လကြာ ပျောက်ကွယ်နေပြီးနောက် ကိုမိုရို့စ်နိုင်ငံသို့ ပြန်လည်ရောက်လာပြီး မကြာမတင်မှာပင် ယခုကဲ့သို့ နေအိမ်အကျယ်ချုပ် ချခံရခြင်း ဖြစ်သည်။

ဆမ်ဘီသည် သမ္မတ တစ်ဦးကဲ့သို့ပင် ပြုမှုနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီ၏ ဆက်သွယ်မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီး မိုဟာမတ်ဒါအူဒိုက ပြောသည်။

“ပြည်သူကို အနှောင့်အယှက်ပေးမယ့် ဘယ်လိုလုပ်ဆောင်မှုကိုမှ သည်းခံဖို့ မရှိပါ။”ဟု ၎င်းက သတိပေး ပြောဆိုသည်။

သမ္မတ အက်ဆောမာနီက ဖွဲ့စည်းပုံခုံရုံးအား ဆိုင်းငံ့ရန် ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဇူလိုင် ၂၉ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် စီစဉ်နေခြင်းကို ဆမ်ဘီက ရှုတ်ချပြစ်တင်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly