ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲပြုလုပ်၍ တရားစွဲဆိုခံရသူ ၃ ဦး ပထမအကြိမ်ရုံးထုတ်

ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲပြုလုပ်၍ တရားစွဲဆိုခံရသူ ၃ ဦး ပထမအကြိမ်ရုံးထုတ်

 

ရန်ကုန် မေ ၂၁ ။         ။ ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲပြုလုပ်ရာတွင် ပါဝင်ပြီး ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် တကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဇေယျာလွင်၊ ကဗျာဆရာ ရွှေကြယ်မိုးနှင့် ကိုခန့်မင်းထက်တို့ကို ကျောက်တံတား မြို့နယ်တရားရုံးတွင် မေလ ၂၁ ရက် နေ့က ပထမအကြိမ် ရုံးထုတ်ခဲ့သည်။

၄င်းတို့ ၃ ဦးသည် မေလ ၁၄ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် စစ်ပွဲများရပ်တန့်ရေး ရည် ရွယ်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲတွင် ပါဝင်ခဲ့ကြ ပြီး ကျောက်တံတားမြို့နယ်မှူး ဦးမျိုးသက်က တရား လိုပြု ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

" အပြစ်ရှိလား မရှိလားမေးတယ်၊ ကျွန်တော်တို့အနေနဲ့ အပြစ်မရှိဘူးလို့ထွက်ဆိုခဲ့တယ်၊ ဒီအမှုမှာ အပြစ်မရှိဘူး ထွက်ဆိုတဲ့အတွက် တရားဥပဒေကြောင်းအရ ဆက်ပြီး တော့သွားမယ်လို့ ပြောတယ်၊အမှုနဲ့ပတ်သက်ပြီး အာမခံ ယူခြင်းမယူခြင်းမေးတယ်၊ ကျွန်တော်တို့အနေနဲ့နိုင်ငံရေး အရ အာမခံယူခြင်းကို ငြင်းပယ်ခဲ့တယ်၊ ဒါပေမယ့် တရားရုံးကို အပတ်စဉ် ချိန်းဆိုတိုင်းလာပါ့မယ်လို့ ခံဝန် ပေးခဲ့တယ်၊" ဟု တရားစွဲဆိုခံထားရသူ တကသကျောင်း သားခေါင်းဆောင်ဟောင်း ကိုဇေယျာလွင်က မဇ္ဈိမသို့ ပြောသည်။

ယင်းငြိမ်းချမ်းရေးကဗျာရွတ်ဆိုပွဲကို ကျောက်တံတား ရဲ စခန်းက လာရောက်တားဆီးခဲ့ခြင်းများပြုလုပ်ခဲ့ပြီး တရား စွဲဆိုရာတွင်ပါဝင်သူ ကိုဇေယျာလွင်သည် တာမွေအဝိုင်းထိပ်တွင် မေလ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး လှုပ်ရှားမှုဆန္ဒပြပွဲနှင့်ပတ်သက်၍ ဗဟန်းမြို့နယ်ရဲစခန်းကလည်း ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခံထား ရကြောင်း သိရသည်။

" ကျွန်တော်တို့တရားစွဲထားတဲ့ဟာကို ကျွန်တော်က အသိအမှတ်မပြုဘူး၊ ကျွန်တော့်မှာ အပြစ်မရှိကြောင်း ကဗျာဆရာတွေဟာ စဉ်ဆက်မပြတ်ကဗျာရွတ်လာတာ ဖြစ်တယ်ပေါ့၊ အဲဒါကို ကျွန်တော်က ခုခံသွားမယ်၊ "ဟု ကဗျာ ဆရာရွှေကြယ်မိုးက ပြောသည်။

၄င်းတို့၏အမှုကို လာ မည့် မေလ ၂၉ ရက်နေ့တွင် ဒုတိယအကြိမ် စစ်ဆေးရန်ချိန်း ဆိုထားကြောင်း သိရသည်။

စစ်ပွဲများရပ်တန့်ရေးရည်ရွယ်၍ ပြုလုပ်ခဲ့သော ငြိမ်းချမ်း ရေး ဆန္ဒပြတောင်းဆိုမှုများနှင့်ပတ်သက်၍ မေလ အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ကချင်ပြည်နယ် ဒေသ ၄ ခုတွင် တရားစွဲဆိုခံရသူ ၄၅ ဦးရှိပြီး၊ အမှုအရေအတွက် ၁၄ ခုထိရှိလာပြီဖြစ်ကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့)က မေလ ၁၆ ရက်က ထုတ်ပြန်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly