ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ် ဆေးရုံတက်နေရ

ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ် ဆေးရုံတက်နေရ

 

မေ ၂၁ ။                              ။ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ် ကျန်းမာရေး အခြေအနေတစ်ချို့ကြောင့် မတ်လ ၂၀ ရက်က ဆေးရုံတက်ရောက်ခဲ့ရပြီး ယခုအချိန်ထိ ဆေးရုံကနေ မဆင်းရသေးကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

၎င်းမှာ ပြီးခဲ့သည့်ရက်အနည်းငယ်ကလည်း နားခွဲစိတ်မှုတစ်ခု ခံယူထားခဲ့ပြီးနောက် ယခုအခါ နောက်ထပ် ကုသမှုခံယူရန်လိုအပ်ခြင်းကြောင့်   နောက်တစ်ကြိမ်   ဆေးရုံပြန်လည်တက်ရောက်နေရခြင်း ဖြစ်ကြောင်း သိရသည်။

ယခု တစ်ကြိမ် ဆေးရုံတက်ရောက်ရမှုသည် တစ်ပတ်အတွင်း သုံးကြိမ်မြောက် တက်ရောက်နေရခြင်းလည်း ဖြစ်သည်။

အသက် ၈၃ နှစ်အရွယ် သမ္မတ အာဘတ်စ်မှာ ယခုအခါ အနောက်ဘက်ကမ်းရှိ Istishari Arab ဆေးရုံတွင် ရှိနေကြောင်း၊ ကျန်းမာရေးအခြေအနေ ကောင်းကြောင်း   ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက   ပြောသည်။ သို့ရာတွင် ဆေးရုံဆင်းရမည့် ရက်ကို မသိရသေးဟု ဆိုသည်။

လက်ရှိအချိန်တွင် ပါလက်စတိုင်းခေါင်းဆောင်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ အမျိုးမျိုး မှတ်ချက်ပေးမှုများ ရှိနေပြီး ၎င်း၏ နေရာကို ဆက်ခံမည့်သူလည်း ပေါ်ထွက်လာနေခြင်း မရှိသေးပေ။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly