အမျိုးသမီးနှင့် ရွေးကောက်ပွဲ

ယခင်တစ်ပတ်မှ အဆက်

မဇ္ဈိမ၏ အမျိုးသမီးနှင့် ရွေးကောက်ပွဲ အစီအစဉ်တွင် ယခုတစ်ပတ် ဆွေးနွေးထားသည့် အကြောင်း အရာမှာ ရွေးကောက်ပွဲနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ဆက်စပ်သည်များ ဖြစ်သည်။ ယခု အကြောင်းအရာနှင့် ပတ်သက်ပြီး အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထားနှင့် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးမှ ဒါရိုက်တာ ဒေါ်ဆူဇန်နာ လှလှစိုးတို့ ကဆွေးနွေးထားခြင်းဖြစ်ပြီး အစီအစဉ် တင်ဆက်သူမှာ ပျိုးလက်ဟန် ဖြစ်သည်။

ပျိုးလက်ဟန်

မီဒီယာတွေကနေပြီးတော့ ဥပမာ ဆိုရှယ်မီဒီယာအဖြစ် ဖေ့စ်ဘွတ်စသည် သုံးပြီးတော့မှ ပုံဖျက်တာမျိုး ရှိနိုင်လား အစ်မ။

ဒေါ်ဇူဇန်နာလှလှစိုး

ရှိနိုင်တာပေါ့။ ကျွန်မတုန်းကလည်း အဲ့ဒီလို ပုံဖျက်ခဲ့တယ်။ နောက်ပြီးတော့ လူသိများတဲ့ အမျိုးသမီး ခေါင်းဆောင်တွေ ဆိုလို့ရှိရင်လည်း အခုဆိုရင် ဒီမီဒီယာတို့ ဖေ့စ်ဘွတ်တို့ အဲ့ဒီမှာ အများကြီးပဲ လုပ် နေတယ်။ လုပ်နေဆဲပဲ။

ပျိုးလက်ဟန်

အစ်မကိုယ်တိုင်လည်း  အမျိုးသမီးရေးမှာ တက်တက်ကြွကြွနဲ့ လုပ်ရှားနေသူလည်း ဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသမီးကိစ္စရပ်တွေလည်း အစ်မအနေနဲ့ နားလည်တတ်ကျွမ်းတဲ့ လူ တစ်ယောက်ဖြစ်တယ်ဆိုတော့ ဒီ လာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲပေးမယ့် ပြည်သူလူထုကို ဘယ်လိုမျိုး သတင်းစကားများ ပါးချင်သလဲ အစ်မ။

မထားထား

ကျွန်မ ပြည်လူထုကို ဘာပြောချင်လဲ ဆိုလို့ရှိရင် မဲပေးတဲ့အခါ အမျိုးသမီးတွေသည် လုပ်နိုင်တယ် ကိုင်နိုင်တယ်။ အမျိုးသမီးတွေကို မဲပေးဖို့ မကြောက်ပါနဲ့။ မရွံ့ကြပါနဲ့။ အမျိုးသမီးတွေသည် ခုန ပြောတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို ထည့်စဉ်းစားမယ့် အမျိုးသမီးတွေ ဖြစ်တယ်။ တကယ်တမ်း အမျိုးသမီးတွေ များလာခဲ့မယ်ဆိုရင် ဘယ်နိုင်ငံပဲကြည့်ကြည့် များလာခဲ့ရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက်လာတဲ့အတွက် နိုင်ငံအတိုင်းအတာတွေ သာမကဘူး။ ကျွန်မတို့ မိသားစုအထဲမှာပါ အကျိုးဆက်တွေ ကောင်းကျိုးတွေ ခံစားရမယ်။ ကျွန်မတို့သားသမီးတွေရဲ့ လုံခြုံရေး၊ သားသမီးတွေရဲ့ ပညာရေးတွေ အများကြီး တိုးတက်လာမှာပေါ့။ အဲ့ဒီတော့ အမျိုးသမီး တွေကို အမျိုးသမီးအမတ်လောင်းတွေကို မဲပေးဖို့ တိုက်တွန်းချင်ပါတယ်။

ပျိုးလက်ဟန်

အစ်မရဲ့အတွေ့အကြုံအရရော တွေ့ကြုံလာရနိုင်တဲ့ အကြမ်းဖက်မှုတွေကို အစ်မ ဆွေးနွေးသွားတယ် ပေါ့နော်၊ အဲဒီတော့ ကျွန်မတို့အနေနဲ့ ဒါတွေကို အစိုးရက လျော့ကျသွားစေဖို့၊ ပပျောက်သွားစေဖို့ ဘာတွေများ လုပ်ဆောင်နိုင်မလဲ အစ်မ။

ဒေါ်ဇူဇန်နာလှလှစိုး

အစိုးရတစ်ရပ် အနေနဲ့ဆိုရင်တော့ ဒီအကြမ်းဖက်မှုတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်ရမှာ ဥပဒေ အကြောင်းအရာတွေက ကာကွယ်ရမှာ။ နောက်ပြီးတော့  လုံခြုံရေးယူပေးရမှာ ဒါ သူတို့တာဝန် ပဲလေ။ ဒါ  မပျက်မကွက်လုပ်ရမယ့် တာဝန်ဖြစ်သလို  လူမှုအဖွဲ့အစည်းတွေကလည်းပဲ တတ်နိုင်သလောက်  လူမှုကွန်ရက်ကနေပြီးတော့ တစ်ဆင့် ထိန်းထိန်းသိမ်းသိမ်းနဲ့နော်၊ ဒီ ဝိုင်းဝန်းလုပ်ဆောင် ကြဖို့ပေါ့။

ပျိုးလက်ဟန်

အမျိုးသမီးတွေ ကိုယ်တိုင်အနေနဲ့ရော ဘယ်လိုမျိုး ပြင်ဆင်ထားသင့်တယ်ပေါ့။ လာမယ့် အကြမ်းဖက် မှုတွေ ကာကွယ်နိုင်ဖို့ပေါ့နော်။

ဒေါ်ဇူဇန်နာလှလှစိုး

အခုနတုန်းက ပြောတဲ့ အချက်တွေအားလုံးက ဖြစ်နိုင်တာပဲလေ။  ဖြစ်နိုင်တယ်ဆိုတော့ ကိုယ့်ရဲ့ ဒီပတ်ဝန်းကျင်မှာလည်းပဲ အမျိုးသမီးတစ်ယောက်ရဲ့ ခေါင်းဆောင်မှုက ဘယ်လောက် အရေးကြီး တယ် ဆိုတာလည်းပဲ လူထုက သိရမယ်။ နောက်ပြီးတော့ ကိုယ့်လုံခြုံရေးကိုလည်း ကိုယ်ကြည့်ရမယ်။ နောက်ပြီးတော့ ဥပဒေပေါ့နော်၊ ဒီရွေးကောက်ပွဲဥပဒေရော၊ ကျွန်မတို့ရဲ့ အခြေခံဥပဒေ အဲဒါတွေကို ရော ပိုင်ပိုင်နိုင်နိုင် သိထားရမယ်။ ဥပဒေထဲမှာ အကုန်လုံး ပါပြီးသား။  ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေ တွေမှာ ဘာသာရေးကို အခြေမခံရဘူးဆိုတာ ရှိတယ်။ အဲ့ဒါတွေက အများကြီးဖြစ်လာဖို့ ရှိတယ် ဆိုတော့ ဥပဒေတွေကိုတော့ ကျေကျေညက်ညက် သိထားဖို့တော့ လိုတယ်။

ပျိုးလက်ဟန်

အခုလိုမျိုး ရွေးကောက်ပွဲနှင့် အမျိုးသမီးတွေ ကြုံလာနိုင်ရတဲ့ အကြမ်းဖက်မှုတွေကို ပြည့်ပြည့်စုံစုံ ပြောသွားတဲ့ အစ်မနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required