သမ္မတ မာဒူရို အနိုင်ရသည့် ဗင်နီဇွဲလားရွေးကောက်ပွဲကို ပြန်လည်ကျင်းပရန် အတိုက်အခံများ တောင်းဆို

သမ္မတ မာဒူရို အနိုင်ရသည့် ဗင်နီဇွဲလားရွေးကောက်ပွဲကို ပြန်လည်ကျင်းပရန် အတိုက်အခံများ တောင်းဆို

 

ကာရာကတ်၊ မေ ၂၁ ။                       ။ ဗင်နီဇွဲလားနိုင်ငံတွင် မေ ၂၀ ရက် ရွေးကောက်ပွဲ၌ သမ္မတ နီကိုလက်စ် မာဒူရိုပဲ အံ့သြစရာမရှိဘဲ အနိုင်ရရှိသည်။

ယခု ရွေးကောက်ပွဲများကို ၎င်း၏ ပြိုင်ဖက်များက လက်မခံဘဲ ယခုနှစ်နှောင်းပိုင်းတွင် ရွေးကောက်ပွဲသစ်များ ကျင်းပရန် တောင်းဆိုထားခြင်းလည်း ဖြစ်သည်။

ပျက်စီးနေသော စီးပွားရေးကပ်ဆိုက်မှုအတွင်း အတိုက်အခံများက သပိတ်မှောက်ထားပြီး နိုင်ငံတကာ အသိုင်းအဝန်း အများစုက ရှုတ်ချထားသည့် ယခုရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ၄၆ ရာခိုင်နှုန်းသာ မဲပေးခြင်းဖြစ်သော်လည်း မာဒူရိုက နောက်ခြောက်နှစ်သက်တမ်းအတွက် ရွေးကောက်ခံရပြီ ဖြစ်ကာ ၎င်းအား ထောက်ခံသူများနှင့် ရွေးကောက်ပွဲ အောင်ပွဲများကို ကျင်းပလျက်ရှိသည်။

“တရားဝင် ခြေခြေမြစ်မြစ်ရှိတယ်၊ မှန်ကန်တယ်လို့ ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ အသိအမှတ် မပြုဘူး။”ဟု မာဒူရို၏ အဓိက  ပြိုင်ဖက် ဟန်ရီဖာကွန်က ရွေးကောက်ပွဲ ရလဒ်မကြေညာခင်ကတည်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုထားသည်။

“ကျွန်တော်တို့အတွက်တော့ ရွေးကောက်ပွဲ မဟုတ်ဘူး။ ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲအသစ် ကျွန်တော်တို့ ကျင်းပရမှာပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ကာရာကတ်စ်ရှိ မီရာဖလော်အိမ်တော်ရာ အပြင်ဖက်တွင် မာဒူရိုဟာ ကောင်းချီးပေးထောက်ခံသူ ထောင်ပေါင်းများစွာကို  မိန့်ခွန်းပြောကြားရာ ၎င်း၏ အောာင်မြင်မှုက သမိုင်းဝင်ပဲ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“မဲရလဒ်ရဲ့ ၆၈ ရာခိုုင်နှုန်းကို ဘယ်သမ္မတမှ မရခဲ့ဖူးပါ။”ဟု ၎င်းက ထောက်ခံသူများအား ပြောသည်။

တရားဝင်ထုတ်ပြန် မဲရလဒ်အရ မာဒူရိုသည်  မဲရလဒ် ၆၇ ဒဿမ ရ ရာခိုင်နှုန်းဖြင့် အနိုင်ရပြီး အဓိက အတိုက်အခံ ဖာကွန်မှာ ၂၁ ဒဿမ ၂ ရာခိုင်နှုန်းပဲ  ရရှိခဲ့သည်။ မဲရလဒ် တရားဝင် မထုတ်ပြန်မီ နောက်ဆုံးခန့်မှန်းရလဒ်တွင် ၎င်းတို့နှစ်ဦးက မတိမ်းမယိမ်း ရှိနေခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required