တောင်တရုတ်ပင်လယ်အတွင်းရှိ လေယာဉ်ပြေးလမ်းပေါ်သို့ တရုတ်ဗုံးကြဲလေယာဉ်များ ပထမဦးဆုံးဆင်းသက်

တောင်တရုတ်ပင်လယ်အတွင်းရှိ လေယာဉ်ပြေးလမ်းပေါ်သို့ တရုတ်ဗုံးကြဲလေယာဉ်များ ပထမဦးဆုံးဆင်းသက်

ပေကျင်း၊ တရုတ်၊ မေ ၂၀ ။        ။ ပိုင်ဆိုင်မှုအငြင်းပွားခြင်းများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းပေါ်သို့ တရုတ်ဗုံးကြဲ လေယာဉ်များ ပထမဦးဆုံးအကြိမ်ဆင်းသက်နေရာယူခဲ့ပြီး ယင်းလုပ်ရပ်ကြောင့် မဟာဗျူဟာအရ အခရာကျ သော ယင်းရေကြောင်းဒေသကို အသီးသီးပိုင်ဆိုင်ထားသည့် အိမ်နီးချင်းနိုင်ငံများကြား တင်းမာမှုများကို မြင့်တက်လာစေခဲ့သည်။

ခရီးရှည်ပျံသန်းမှုနှင့်၊ နျူကလီးယားတိုက်ခိုက်မှုများကိုပါ ပြုလုပ်နိုင်သော H-6K အမျိုးအစားအပါအဝင် ဗုံးကြဲ လေယာဉ်အများအပြားနှင့် ပင်လယ်တွင်းရှိပစ်မှတ်များကို တိုက်ခိုက်သည့်လေ့ကျင့်ခန်းများကို လုပ်ဆောင်ခဲ့ပြီး ချိန်တွင် အမည်မဖော်နိုင်သော ကျွန်းများပေါ်သို့ အဆင်းအတက်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်လေတပ်ကေ သောကြောနေ့က ကြေညာထားခဲ့သည်။

ယင်းကြေညာချက်ကိုကိုးကား၍ ကာကွယ်ရေးကျွမ်းကျင်ပညာရှင် ၀မ်မင်လန်က တောင်တရုတ်ပင်လယ်ရှိ ကျွန်းများပေါ်သို့ လေယာဉ်အဆင်းအတက်လုပ်သည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် တရုတ်လေတပ် အတွက် ရေကြောင်းလုံခြံုရေးခြိမ်းခြောက်ခံရမှုများ ကြံုတွေ့လာပါက ရင်ဆိုင်ဖြေရှင်းနိုင်မည့်စွမ်းရည်များကို မြင့်တက်လာစေနိုင်သည်ဟု ပြောဆိုခဲ့သည်။

တရုတ်အစိုးရအနေဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းများပေါ်သို့ လေကြောင်း နှင့် စစ်သင်္ဘောကာကွယ်ရေးစနစ်များ တပ်ဆင်ခဲ့သည်ဟု အမေရိကန်သတင်းဌာန CNBC က ဖော်ပြခဲ့ပြီး နောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် တရုတ်တို့ဘက်မှ ယခုလုပ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၀ါရှင်တန်အစိုးရကမူ ပေကျင်းအစိုးရအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးအစီအမံများ ပြင်ဆင်လာ မှုအတွက် မျှော်လင့်မထားသောအကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု သတိပေးထားခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးကိစ္စသည် တရုတ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ကြား နှစ်ပေါင်းများစွာကြာမြင့်အောင် အကြေတလည်ဖြေရှင်းနေရသည့် အငြင်းပွားဖွယ်ရာကိစ္စရပ်ဖြစ်ပြီး ကမ္ဘာ့ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းအတွက် အခရာကျသည့်အပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့များရှိနေ သည့် တောင်တရုတ်ပင်လယ်ပြင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် နိုင်ငံအသီးသီးက အပြိုင်အဆိုင်ကြိုးပမ်းနေကြ ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly