တောင်‌ဥက္ကလာပမြို့နယ်‌ အမှတ် ၅ ရပ်ကွက် ဓာတ်‌ဆီ ဆိုင်‌သစ်‌ ဖျက်‌သိမ်‌း‌ပေး‌ရန် သတင်းစာရှင်းလင်း

တောင်‌ဥက္ကလာပမြို့နယ်‌ အမှတ် ၅ ရပ်ကွက် ဓာတ်‌ဆီ ဆိုင်‌သစ်‌ ဖျက်‌သိမ်‌း‌ပေး‌ရန် သတင်းစာရှင်းလင်း

ရန်‌ကုန်‌ မေ ၂၀ ။            ။ တောင်‌ဥက္ကလာပမြို့နယ်‌တွင် အသစ်ဆောက်လုပ်နေ သည့် City Energy ဓာတ်‌ဆီဆိုင်‌အား မီး‌ဘေးအန္တရာယ်‌ကျ‌ ရောက်‌‌စေနိုင်‌‌သည်‌ဟုဆိုကာ ဖွင့်လှစ်ရောင်းချခွင့်မပေး ရန်နှင့် ဖျက်‌သိမ်‌း‌ပေး‌ရန် မေလ ၂၀ ရက်နေ့က ရန်ကုန် တောင်ဥက္ကလာပမြို့နယ်၊ ဘေလီတံတားအနီးတွင် သ တင်း စာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ပါရမီ လမ်းနှင့် ပင်းယလမ်းအနီးတွင်‌ ဖွင်‌့လှစ်‌ရန်ပြင်ဆင်နေသည့် City Energy ဆီဆိုင်ကို ၂၀၁၇ ခုနှစ် ၅ လပိုင်းက တည် ဆောက်ခဲ့ခြင်းပြီး ရပ်ကွက်သူ ရပ်ကွက်သားများက လက်မခံ နိုင်ကြောင်း သက်ဆိုင်ရာသို့ တင်ပြခဲ့သည်။

" အဓိကကြောက်တာ မီးပေါ့နော်၊ နောက်ပြီး ဒီပါရမီ လမ်းကြီးက ယာဉ်ကြောပိတ်တဲ့အကြောင်းအရာတွေရှိ တယ်၊ အမြဲတမ်း ရုံဆင်းချိန်၊ ရုံးတက်ချိန်ဆို အခက်အခဲဖြစ် တယ်၊ ပင်းယလမ်းဆိုလည်း လမ်းသွယ်တွေထဲထိ ကားတွေက ဝင်တာလေ၊ အဲဒီရှေ့မှာလည်း ဘက်စ် ကားမှတ်တိုင်လည်းရှိတယ်၊ အဲဒီတော့ အမြဲတမ်းလူ ရှုပ် ထွေးတဲ့အနေအထားရှိတယ်၊ နောက်ပြီး ရှေ့မှာ သဘာ ဝဓါတ်ငွေ့ပိုက်လိုင်းရှိနေတဲ့အတွက် ဒီဘုန်းကြီးကျောင်း ဘက်အခြမ်းမှာပေါ့နော်၊ အစ်မတို့က ဓါတ်ဆီဆိုင်ရော သဘာဝဓါတ်ငွေ့ပိုက်လိုင်းရော၊ ဒါမျိုးတွေဆိုတာနဲ့ကို ကိုယ်တွေက မီးအန္တရာယ်ကို အဓိကစိုးရိမ်တယ်၊ ဒါကြောင့် ကန့်ကွက်တာပါ" ဟု သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သူ ဒေါ်နီလာမြင့်က မဇ္ဈိမသို့ ပြောသည်။

City Energy ဆီဆိုင်ဖွင့်လှစ်ရန်ဆောက်လုပ်ခြင်းကို တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ရပ်ကွက်သူ ရပ်ကွက်သားများက ၂၀၁၇ မေလ ၁၂ ရက်နေ့မှ စတင် ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင် ရာ ဋ္ဌာနများသို့ စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားခဲ့ သည်။

"ဒီဓါတ်ဆီဆိုင် လောင်စာဆီဆိုင်တစ်ခု ဆောက်တော့ မယ်ဆိုရင် လုပ်ငန်းရှင်ဘက်ကဖြစ်ဖြစ် အစိုးရဘက်ကပဲ ဖြစ်ဖြစ် ချပေးတဲ့နေရာ၊ လုပ်ငန်းရှင်ကလည်း လုပ်ငန်း ရွေးချယ်မှု နေရာရွေးချယ်မှု ရပ်ကွက်နဲ့နီးလား၊ ရပ်ကွက် ထဲမှာလား၊ လွတ်ကင်းသလား၊ ပြည်သူလူထုတွေ ဒုက္ခ ရောက်နိုင်သလား၊ နောက်ပြီး အဆောက်အဦး ဆောက် လုပ်ခွင့်ချပေးတဲ့စည်ပင်အနေနဲ့လည်း ဒီ ရ အိမ်လေးနဲ့ အရှေ့အနောက် ၁၀ အိမ်၊ ဒါလေးနဲ့ ဆောက်လုပ်ခွင့် ပေးဖို့မရှိအောင်၊ အန္တရာယ်ကြီးမားတဲ့ ဒါကို ဆောက်လုပ် ခွင့်မပေးဖို့ တင်ပြချင်ပါတယ်" ဟု သတင်းစာရှင်းလင်း ပွဲ ဦးဆောင် ပြုလုပ်သူ ဦးသက်မြင့်ဦးက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၅ ရပ်ကွက်သူ ရပ်ကွက် သားများသည် ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပထမအကြိမ် ဆန္ဒဖော်ထုတ် ခဲ့သည်။ ယင်းနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နေ့တွင် နိုင်ငံတော်သမ္မတရုံးက တင်ပြစာနှင့်စပ်လျဉ်း၍ လိုအပ်သလို ဆက် လက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သော်လည်း ဆောင် ရွက်ပေးခြင်းမရှိဟုဆိုကာ ၂၀၁၈ ခုနှစ် ၄ လပိုင်းက ဒုတိယအကြိမ် City Energy ဓာတ်‌ဆီဆိုင်‌သစ်‌ ဖျက်‌သိမ်‌း‌ ပေး‌ရန် ပါရမီလမ်‌းနှင်‌့ ပင်‌းယလမ်‌းထိပ်‌တွင်‌ ဆန္ဒဖော် ထုတ် ခဲ့ကြောင်း သိရသည်။

" အခုသူတို့ကို ချပေးထားတာက ရန်ကုန်တိုင်းအစိုးရ တစ် ခုတည်းတင်မဟုတ်ဘူး၊ ပြည်ထောင်စုအစိုးရအထိ ခွင့်ပြုချက်တင်ပြီး ဖွင့်ခွင့်ပေးရတာ၊ ဖွင့်ဖြစ်ပြီ ဆောက် ဖြစ်ပြီဆိုမှ   ဘေးအိမ်တွေက ပြန်ကန့်ကွက်တာ၊ ခွင့်ပြုမိန့် က ကျထားပြီးမှ ဒါမျိုးဖြစ်တာ၊ တစ်ကယ်လို့ ခွင့်ပြုမိန့်မကျ ခင် ကန့်ကွက်တယ်ဆိုရင် ကျွန်တော်တို့ကလည်း အစိုးရ အဖွဲ့တို့ ဋ္ဌာနဆိုင်ရာတွေကလည်း ဘယ်ပေးမလဲ၊ ဟုတ် တယ်မို့လား " ဟု တောင်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ပြောသည်။

အဆိုပါ စက်သုံးဆီဆိုင်အား စွမ်းအင်ဝန်ကြီးဌာနသို့ ဖွင့်ခွင့်လျှောက်ထားစဉ်က ဘေးအိမ်များ၏ ထောက်ခံချက် လက်မှတ်များ လိုအပ်ခဲ့ပြီး ထိုစဉ်က ဘေးအိမ်များကလည်း ထောက်ခံခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ City Energy ဓာတ်‌ဆီဆိုင်‌မှ တာဝန်ရှိသူများကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုး ပမ်းသော်လည်း ဖြေကြားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly