ခမာကွန်မြူနစ်အစိုးရလက်ထက် သေဆုံးခဲ့သူများတွက် အောက်မေ့သတိရပွဲ ကမ္ဘောဒီးယားကျင်းပ

ခမာကွန်မြူနစ်အစိုးရလက်ထက် သေဆုံးခဲ့သူများတွက် အောက်မေ့သတိရပွဲ ကမ္ဘောဒီးယားကျင်းပ

ဖနွမ်းပင်၊ မေ ၂၀ ။          ။ လွန်ခဲ့သော ၁၉၇၅ မှ ၁၉၇၉ ခုနှစ်ကာလများက ခမာကွန်မြူနစ်အစိုးရလက်ထက်အတွင်း သေဆုံးသွားခဲ့ရသူ များကို ရည်စူးဂုဏ်ပြုသည့်အနေဖြင့်   နှစ်စဉ်ကျင်းပနေကြသောဖြစ်သော နိုင်ငံတော်အောက်မေ့သတိရခြင်းနေ့ ကို ကမ္ဘောဒီးယားနိုင်ငံ၌ တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပြီး ပြည်သူအများအပြား ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

ကမ္ဘောဒီးယားပြည်သူများသည် နိုင်ငံမြို့တော်ဖနွမ်းပင်၏ ဆင်ခြေဖုံးအရပ်ရှိ Choeung Ek မျိုးဖြုတ်သတ်ဖြတ် မှုဆိုင်ရာစင်တာတွင် ကျင်းပသော အောက်မေ့သတိရပွဲအခမ်းအနား၌ ဆုတောင်းမေတ္တာပို့သခဲ့ကြခြင်း ဖြစ်သည်။

ဒါ့အပြင် သဘင်သည်များကလည်း အာဏာရှင်ပိုလ်ပေါ့ပ်လက်ထက်အတွင်း Killing Fields ဟု အမည်ဆိုးဖြင့် ကျော်ကြားသော လယ်ကွင်းပြင်ထဲ၌ လူထောင်ပေါင်းများစွာ ကွပ်မျက်သတ်ဖြတ်ခံခဲ့ရပုံများကို ပြန်လည် သရုပ်ပြခဲ့ကြသည်။

ခမာအာဏာရှင်အစိုးရလက်ထက်အတွင်း ကမ္ဘောဒီးယားပြည်သူ ၂ သန်းခန့်သည် အစာရေစာငတ်ပြတ်မှုများ၊ အလုပ်ကြမ်းလုပ်ရန် အတင်းအကြပ်စေခိုင်းခံရခြင်းများနှင့် နိုင်ငံရေးကိစ္စများနှင့် ပက်သက်မှုဖြင့် ကွပ်မျက်ခံခဲ့ရ ခြင်းတို့ကြောင့် သေဆုံးခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required