ရေစကြိုတွင် ၀ါးအခြေခံလက်မှုသင်တန်းဖွင့်

ရေစကြိုတွင် ၀ါးအခြေခံလက်မှုသင်တန်းဖွင့်

မေ၂၀ ။        ။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့အမှတ်(၁)ထင်းတန်းရပ်ကွက် ရှေးဟောင်းသမိုင်းဝင် တောထဲလေးမျက်နှာစေတီတော်မြတ်ကြီး၏ ဓမ္မာရုံထဲ၌ ၀ါးအခြေခံလက်မှုထည်သင်တန်းကို မေလ၁၈ရက်နေ့စ၍ ဇွန်လ ၂ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု သင်တန်းကျောင်းမှ ဒုဦးစီးဦးအောင်ဇော်ဝေနှင့် ပခုက္ကူမှ ၀ါးအခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းကျောင်းမှ ဦးစီးမှူးဦးကျော်ဆန်းတို့က လက်တွေ့သင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရသည်။

“ဝါးအခြေခံလက်မှုထည်သင်တန်းဖွင့်လှစ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်က ရပ်ကွက်ကျေးလက်နေပြည်သှုများ အလုပ်အကိုင် အခွင့်အလမ်းများပေါများစေရန် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးတက်စေရန် စသည့်ရည်ရွက်ချက်များနှင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ် “ဟု ဦးကျော်ဆန်းက ပြောသည်။

“သင်တန်းကာလမှာ ၁၅ရက်ဖြစ်ပြီးသင်တန်းသား/သင်တန်းသူ ၂၀သင်ကြားနေပါတယ် ။သင်တန်းမှာသင်ကြားပေးမှာကတော့ဓါတ်ပုံဘောင်လုပ်နည်း တစ်ရှူးဘောက် ဖုန်းတင်စင် နာရီစင် ဘော့ပင်ထည့်ခြင်းနဲ့ ၀ါးလင်ဗန်းခြောက်မျိုးသင်ကြားပေးမှာပါ ”ဟုဦးစီးမှူး ဦးကျော်ဆန်းက ပြောသည်။

၀ါးအခြေခံ လက်မှုထည်အိမ်တွင်းမှု လက်မှုအတတ်ပညာသင်တန်းလာရောက် သင်ကြားနေကြနေသူ အမျိုးသား ၈ ဦးနှင့်အမျိုးသမီး ၁၂ ဦး ရှိပြီး သင်တန်းကာလမှာ၁၅ ရက်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required