တစ်ကမ္ဘာလုံး စောင့်ကြည့်ကြသည့် မင်းသား ဟယ်ရီနှင့် အမေရိကန်သူ မက်ဂန်မာကဲလ်တို့၏ တော်ဝင်မင်္ဂလာအခမ်းအနား

တစ်ကမ္ဘာလုံး စောင့်ကြည့်ကြသည့် မင်းသား ဟယ်ရီနှင့် အမေရိကန်သူ မက်ဂန်မာကဲလ်တို့၏ တော်ဝင်မင်္ဂလာအခမ်းအနား

ဝင်ဆာ၊ မေ ၁၉ ။         ။ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် အမေရိကန် ရုပ်သံမင်းသမီး မက်ဂန်မာကဲလ်တို့၏ တော်ဝင်မင်္ဂလာအခမ်းအနားကို ဝင်ဆာရဲတိုက်က စိန့််ဂျော့ချ်ဘုရားကျောင်းတွင် မေ ၁၉ ရက်က ဆင်ယင်ကျင်းပကြရာ တစ်ကမ္ဘာ့လုံးက စောင့်ကြည့်ရသည့် ထိမ်းမြားမင်္ဂလာဆောင် အခမ်းအနားဖြစ်သည်။

ဝင်ဆာလမ်းများတွင် ပိတ်ကားကြီးများဖြင့် တော်ဝင်မင်္ဂလာအား ထုတ်လွှင့်ပြသသည်။ မင်္ဂလာဆောင်အား နေရာကောင်းကောင်းမှ ကြည့်ရှုနိုင်ရန် ညလုံးပေါက် ကြိုတင်နေရာဦး   စောင့်ဆိုင်းသူပေါင်းကလည်း  ရာပေါင်းများစွာ ရှိသည်။

အဝတ်ရောင် သတို့သမီး ဝတ်စုံဖြင့် တော်ဝင်မင်းသမီးလောင်းလျာ မက်ဂန်က ဟိုတယ်မှ Rolls-Royce ကားကြီးဖြင့် မင်္ဂလာဆောင်ပွဲ ကျင်းပရာ ဝင်ဆာရဲတိုက်သို့ ရောက်ရှိသည်။ မက်ဂန်အား မိခင်ဖြစ်သူ ဒိုရီယာက ခြံရံလိုက်ပါလာခဲ့သည်။ ဖခင်ဖြစ်သူမှာ နှလုံးရောဂါကြောင့် မင်္ဂလာပွဲသို့ မတက်ရောက်နိုင်၍ မင်းသား ဟယ်ရီ ဖခင်ဖြစ်သူ ချားလ်မင်းသား ဘုရားကျောင်း လျှောက်လှမ်းတွင် သတို့သမီးအား သတို့သားထံ ခြံရံပို့ဆောင်ခြင်းကို ဆောင်ရွက်ပေးရသည်။

သတို့သား မင်းသား ဟယ်ရီကို အစ်ကိုဖြစ်သူက သတို့သားရံအဖြစ် ဆောင်ရွက်ပေးသည်။ နှစ်ဦးစလုံးမှာ အနက်ရောင် စစ်ယူနီးဖောင်း ဝတ်ဆင်ထားပြီး မင်းသား ဟယ်ရီ ဘုရားကျောင်းသို့ ရောက်ရှိလာရာတွင် ထောင်ပေါင်းများစွာက ကောင်းချီးပေးကြသည်။

မင်္ဂလာပွဲ မကျင်းပမီတွင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်က မင်းသား ဟယ်ရီအားဆပ်ဆက်မြို့စားကြီးဘွဲ့အား ချီးမြှင့်သည်။ ဘုရင်မကြီးနှင့်အတူ မင်းသားကြီး ဖိလစ်သို့လည်း မင်္ဂလာပွဲသို့ တက်ရောက်ကြသည်။ မင်္ဂလာပွဲ မတိုင်မီ ရဲတိုက်ဝန်းကျင်ပတ်လည်ဝေဟင်တွင် ဆယ့်ငါးမိနစ် လေယာဉ် မပျံသန်းရ စည်းမျဉ်းလည်း ထုတ်ထားကြောင်း သိရသည်။

ကမ္ဘာကျော်အဆိုတော် အယ်တန်ဂျွန်၊ ဟောလိဝုဒ်မင်းသား ဂျော့ချ်ကလူးနေး၊ ဘောလုံးအကျော်အမော် ဒေးဗစ်ဘတ်ခမ်း၊ တင်းနစ်ချန်ပီယံ ဆီရီနာဝီလျှံနှင့် အမေရိကန် ရုပ်သံအစီအစဉ် တင်ဆက်သူ အိုဖရာဝင်းဖရေးစသည့် ထင်ရှားကျော်ကြားသူ အများအပြားက ဧည့်သည်တော်အဖြစ် မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required