လူတစ်ရာကျော် သေဆုံးသည့် လေယာဉ်ပျက်ကျမှုအတွက် ကျူးဘားတွင် နှစ်ရက်တာ ၀မ်းနည်းဖွယ်နေ့ သတ်မှတ်

လူတစ်ရာကျော် သေဆုံးသည့် လေယာဉ်ပျက်ကျမှုအတွက် ကျူးဘားတွင် နှစ်ရက်တာ ၀မ်းနည်းဖွယ်နေ့ သတ်မှတ်

ဟာဗားနား၊ မေ ၁၉ ။           ။ ကျူးဘားနိုင်ငံတွင် နိုင်ငံပိုင်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျ၍ လူသုံးဦးမှ လွဲ၍ ခရီးသည်နှင့် အမှုထမ်း အားလုံး သေဆုံးခဲ့ခြင်းအတွက် နှစ်ရက်တာ ၀မ်းနည်းဖွယ်နေ့ကို မေ ၁၉ ရက်မှ စတင်ကာ သတ်မှတ်လိုက်သည်။

မက္ကဆီကို Cubana de Aviacion ကုမ္ပဏီမှ ငှားရမ်းပြေးဆွဲနေသော သက်တမ်း နှစ် ၄၀ ၀န်းကျင်ရှိနေသည့် ဘိုးရင်း ရ၃၇ လေယာဉ် မေ ၁၈ ရက်က ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သမ္မတ မီဂွယ်ဒီယက်ဇ်ကာနယ်က ပြောသည်။

လေယာဉ်ကိုယ်ထည် အပျက်အစီးများကြားမှ အသက်ရှင်လျက် ဆွဲထုတ်နိုင်သူ အမျိုးသမီး သုံးဦးမှ လွဲ၍ အသက်ရှင်သူမရှိကြောင်း သိရသည်။

ဟာဗားနားရှိ ဂျိုစေးမာတီလေဆိပ်မှ ပျံတက်ပြီး အချိန်တိုအတွင်း အဆိုပါ ဘိုးရင်းလေယာဉ်သည် လေဆိပ်အနီး ကွင်းပြင်သို့ ပျက်ကျခြင်း ဖြစ်ကာ လေထုထဲ မီးခိုးလုံးကြီးများ လိမ့်တက်ခဲ့သည်။

၀မ်းနည်းဖွယ်အချိန်ကာလအဖြစ် မေ ၁၉ ရက် နံနက် ခြောက်နာရီမှ မေ ၂၀ ရက် ညလယ်အထိ သတ်မှတ်ကြောင်း ကွန်မြူနစ်ပါတီခေါင်းဆောင်နှင့် ယခင်သမ္မတဟောင်း ရာအူးလ်ကက်စထရိုက ပြောသည်။ ၀မ်းနည်းဖွယ် အချိန်အခါတွင် နိုင်ငံအတွင်း အလံများ တစ်ဝက်လွှင့်တင်ကြမည် ဖြစ်သည်။

လေယာဉ်သည် ဟာဗားနားမှ ဟိုဂင်းအရှေ့ပိုင်းမြို့သို့ ပျံသန်းသည့် ပြည်တွင်းခရီးစဉ် လေယာဉ်ဖြစ်သည်။ ခရီးသည်အများစုမှာ ကျူးဘားများဖြစ်ပြီး အာဂျင်တီးနားနှစ်ဦးအပါအဝင် နိုင်ငံခြားသား ငါးဦး ပါရှိကြောင်း သိရသည်။

ခရီးသည်ပေါင်း ၁၀၄ ဦး တင်ဆောင်လာသည့် ယင်းလေယာဉ်မှာ ပျက်ကျမှုအတွင်း လုံးဝနီးပါး ပျက်စီးကာ မီးလောင်ကျွမ်း၍ မီးသတ်သမားက အသုတ်တရိုက် ငြိမ်းသတ်ခဲ့ရပြီး ပျက်ကျရာတွင်လည်း အရေးပေါ်ကားများ ကယ်ဆယ်ရေးအတွက် ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required