SME လုပ်ငန်းများကို အစိုးရမှ ညှိနှိုင်းပေးနေသော်လည်း ခက်အခဲရှိနေ ဟုဆို

SME လုပ်ငန်းများကို အစိုးရမှ ညှိနှိုင်းပေးနေသော်လည်း ခက်အခဲရှိနေ ဟုဆို

မေ ၁၈။           ။ မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို အစိုးရမှ ဦးဆောင်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသော်လည်း လိုအပ်ချက်နဲ့ အခက်အခဲအချို့ရှိနေကြောင်း မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးရဲမင်းအောင်က ပြော သည်။

ပုဂံဒေသ SME ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး   မေလ ၁၈ရက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် Meet Bagan SME's in Yangon အခမ်းအနားတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ တိုင်းပြည်ရဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကိုကြည့်ရင် ဒီနေ့အချိန်မှာ မှတ် ပုံတင်ပြီးတော့ လုပ်ငန်းအဖြစ် ရပ်တည်ဖို့တောင်မှ အခက်အခဲတွေရှိနေပါသေးတယ်" ဟု ၄င်းကပြော သည်။

လက်ရှိအခြေအနေတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ နိုင်ငံရေးမတည်ငြိမ်မှုစသော အခြေအနေများကြောင့် စျေးကွက်ကျဆင်းမှုများနှင့် ကြံုတွေ့ နေရကြောင်းသိရသည်။

"ကျွန်တော်တို့ အညာဒေသတွေကတော့ ရပ်တည်နေရတာ လုပ်ငန်းအခြေအနေ သိပ်ပြီးတော့ အ ကောင်းချည်းတော့ မဟုတ်ဘူးပေါ့။ အခုဆိုရင် အလုပ်သမားတွေမှာ ကျွမ်းကျင်တဲ့လုပ်သား ရှားပါး မှုတော့ရှိတယ်။ နိုင်ငံတော်အနေနဲ့ အသေးစားလုပ်ငန်းတွေကို ငွေထုတ်ချေးမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့လုပ်ငန်းလုပ်ရတာ ပိုအဆင်ပြေမယ်။ ကျွန်တော်တို့က ခရီးသွားအခြေအနေကို မှီခိုပြီး ရောင်းရတာဖြစ်လို့ နိုင်ငံရေးတည်ငြိမ်ရင် ကျွန်တော်တို့လုပ်ငန်းတွေဟာလည်း ဖွံ့ဖြိုးတိုးတက်လာပါ တယ်" ဟု Lotus Collection ယွန်းထည်လုပ်ငန်းရှင် ဦးထင်အောင်ဇော် ကပြောသည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းများ အခက်အခဲရှိနေသော်လည်း ဥပဒေခိုင်ခိုင်မာမာရှိနေသည့် အပြင် ဗဟိုကော်မတီတွင်လည်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ဦးဆောင်ပါ၀င် လာသောကြောင့် အရင်ထက် ပို၍ ဦးစားပေးလုပ်ဆောင်နေကြောင်း သိရသည်။

"အရင်က SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အွန်လိုင်း မှတ်ပုံတင်ခြင်း၊ မိုဘိုင်း မှတ်ပုံတင်ခြင်း၊ one stop မှတ်ပုံတင်ခြင်းဆိုတဲ့ မှတ်ပုံတင်စတဲ့ကိစ္စရပ်တွေမှာတောင် ခက်ခဲပါတယ်။ အခုချိန်မှ အွန် လိုင်းတို့၊ မိုဘိုင်းတို့၊ one stop တို့ လုပ်ဖို့ကိစ္စတွေကလည်း စတင်ပြီးတော့ အေဂျင်စီတွေပေါ်လာပြီဆို ရင် ကျွန်တော်တို့ ပိုပြီးတော့ ဆောင်ရွက်လို့ရမယ့် အနေအထားရှိမယ်လို့ မြင်တယ်" ဟု ဒုတိယ ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

ပုဂံဒေသတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများမှာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေပြီး မိရိုးဖလာ လုပ်ကိုင်သည့် ပုံစံမျိုးသာ အများစုလုပ်ကိုင်နေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags