ကျူးဘားတွင် ခရီးသည်လေယာဉ်ပျက်ကျ၍ လူပေါင်း ၁၀၀ ကျော် သေဆုံးနိုင်

ကျူးဘားတွင် ခရီးသည်လေယာဉ်ပျက်ကျ၍ လူပေါင်း ၁၀၀ ကျော် သေဆုံးနိုင်

ဟာဗားနား၊ မေ ၁၉ ။             ။ ခရီးသည်နှင့် အမှုထမ်း ၁၁၀ စီးနင်းလိုက်ပါသော ကျူးဘားနိုင်ငံပိုင် လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် မေ ၁၈ ရက်က ဟာဗားနားမြို့ လေဆိပ်မှ ပျံတက်ချင်း အချိန်ပိုင်းအတွင်း ပျက်ကျမှု ဖြစ်သည်။

လေယာဉ်ကိုယ်ထည် အပျက်အစီးများနှင့် ကျိုးကျေမှုများကို တွေ့မြင်ရပြီး နိုင်ငံ၏ သမ္မတ ဖြစ်သူက လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးနိုင်သည်ဟု သတိပေးထားသည်။

အပျက်အစီးကြားမှ အသက်ရှင်လျက် လူသုံးဦးကို ဆွဲထုတ်နိုင်ကာ ဆေးရုံတင်ပို့ထားပြီး ၎င်းတို့မှာလည်း စိုးရိမ်ရသသည့် အခြေအနေတွင် ရှိသည်။

Cubana de Aviacion လေကြောင်းလိုင်းမှ ပြေးဆွဲသော သက်တမ်း ၄၀ နီးပါးရှိသည့် ဘိုးရင်း ရ၃၇ လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်သူနှင့် ပတ်သက်ပြီး တရားဝင်ထုတ်ပြန်နိုင်သေးခြင်း မရှိပေ။

ဟာဗားနားမြို့ ဂျိုစေးမာတီလေဆိပ်အနီးက သစ်တောထူရာဧရိယာအနီးရှိ ကွင်းပြင်အတွင်း လေယာဉ်ပျက်ကျခြင်းဖြစ်ကာ ပျက်ကျရာနေရာမှ မီးခိုးလုံးများ ကောင်းကင်သို့ လှိမ့်တက်သည်ကို မြင်တွေ့ရသည်။

မက္ကဆီကို လေယာဉ်အမှုထမ်း ခြောက်ဦးအပါအဝင် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူ ၁၁၀ ရှိကြောင်း ကျူးဘားလေကြောင်းလိုင်းသို့ ယင်းလေယာဉ်ကို အငှားချထားသည့် မက္ကဆီကို အခြေစိုက် အဲယိုလိုင်းနီးယားဒမ်မို့ချ်ကုမ္ပဏီက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly