လေးလမ်းသွား မိုးပျံအမြန်​လမ်​းမတည်ဆောက်ရန် ​စိတ်​ဝင်​စားမ​ှု​လျှောက်​လွှာ​ခေါ်ယူ

လေးလမ်းသွား မိုးပျံအမြန်​လမ်​းမတည်ဆောက်ရန် ​စိတ်​ဝင်​စားမ​ှု​လျှောက်​လွှာ​ခေါ်ယူ
ရန်ကုန်-မန္တလေး အမြန်လမ်းမ။ ဓာတ်ပုံ - GNLM

ရန်ကုန်-မန္တလေး အမြန်လမ်းတို့ကို ချိတ်ဆက်ပေးရန် ပါဝင်သော မိုးပျံလေးလမ်းသွားလမ်းမကြီး တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများကို စိတ်ဝင်စားမှုဖော်​ပြခြင်​း​လျှောက်​လွှာ (EOI) ကို တင်​ပြနိုင်​​ကြောင်​း ​ကြေညာထားသည်​။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်မည့် အဆိုပါစီမံကိန်းမှာ ရန်​ကုန်​မြို့တွင်​း၊ ရန်​ကုန်​ဆိပ်​ကမ်​း၊ ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​၊ မင်္ဂလာဒုံစက်​မှုဇုံနှင်​့ ရန်​ကုန်​-မန္တ​လေးအမြန်​လမ်​းတို့ကို ဆက်​သွယ်​​ပေးရန်​ ဖြစ်သည်။ 

ရန်​ကုန်​တိုင်​း​ဒေသကြီး မိုးပျံ​လေးလမ်​းသွားအမြန်​လမ်​းမကြီး တည်​​ဆောက်​သွားမည်​့ စီမံကိန်​းအတွက်​ စီမံကိန်​း​ဒီဇိုင်​း​ရေးဆွဲခြင်​း၊ Engineering ပိုင်​းကဏ္ဍ၊ ​ဘဏ္ဍာ​ရေးကဏ္ဍ၊ စီမံကိန်​းတည်​​ဆောက်​ခြင်​း၊ လည်​ပတ်​ခြင်​းနှင်​့ ပြုပြင်​ထိမ်​းသိမ်​း​ရေးကဏ္ဍများ အတွက်​ ပြည်​တွင်​း၊ ပြည်​ပမှ ရင်​းနှီးမြှုပ်​နှံလိုသူများကို PPP (Public Private Partnership ) အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ယခင် ၃ နှစ်စာ ဘဏ္ဍာရေးရှင်းတမ်းများအပါအဝင် လိုအပ်သော အချက်အလက်များဖြင့် စိတ်​ဝင်​စားမှုအဆိုပြုလွှာကို ​မေလ ၂၉ ရက်​​နေ့ ည​နေ ၅နာရီမတိုင်​မီ လျှောက်လွှာပေးပို့ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ဆိုပါက ၎င်းတို့၏ လက်ရှိ လုပ်ကိုင်ဆောင်ရွက်မှု နှင့် မြန်မာနိုက်ငံတွင်ပါဝင်ပတ်သက်မှုတို့အား ဖော်ပြလျှောက်ထားရန် မေလ ၁၈ ရက်က ကြေညာထားခြင်း ဖြစ်သည်။ 

PPP တင်​ဒါ​ခေါ်ယူရာတွင်​ စီမံကိန်​းကို အပိုင်​းလိုက်​ခွဲ၍ International Finance Corporation ၏ အကူအညီဖြင်​့ ​ရွေးချယ်​သွားမည်​ဖြစ်​သည်​။

အဆိုပါ EOI ခေါ်ဆိုမှုသည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် တင်ဒါတင်သွင်းခြင်းတွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်းကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးပျံလေးလမ်းသွားလမ်းမကြီး တည်ဆောက်ပါက ပထမဆုံး မိုးပျံအမြန်လမ်းမကြီး ဖြစ်လာနိုင်ဖွယ်ရာရှိကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly