နောက်ဆုံးအချိန်တွင် ဒီဂီယာကို လက်လွှတ်ရမည်ကို မန်ယူစိုးရိမ်နေ

နောက်ဆုံးအချိန်တွင် ဒီဂီယာကို လက်လွှတ်ရမည်ကို မန်ယူစိုးရိမ်နေ

သြဂုတ် ၃၀၊ မန်ချက်စတာ ။          ။ မန်ချက်စတာယူနိုက်တက်အသင်းသည် အပြောင်းအရွှေ့နောက်ဆုံးအချိန်တွင် ဒီဂီယာအား လက်လွှတ်လိုက်ရမည်ကို စိုးရိမ်လျက်ရှိနေသည်။

ရီးယဲလ်အသင်းသည် အပြောင်းအရွှေ့ နောက်ဆုံးအချိန်တွင် ဒီဂီယာအတွက် ပုံမှန်ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်လာလိမ့်မည်ဟုလည်း မန်ယူအသင်းက ယုံကြည်လျက်ရှိသည်။

ဒီဂီယာ၏အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မန်ချက်စတာသို့ သွားရောက်ခဲ့ပြီး ဒီဂီယာ၏ ကိစ္စရပ်အတွက်ဆွေးနွေးခဲ့သည်။ သို့သော်မန်ယူအသင်းက ဒီဂီယာ အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ အောက်ဖြင့် ကမ်းလှမ်းလာပါက လုံးဝလက်ခံဆွေးနွေးမည် မဟုတ်ဟု အကြောင်းပြန်ခဲ့သည်။ ရီးယဲလ်အသင်းမှာ ဒီဂီယာကို ခေါ်ယူရန် အလိုရှိနေသော်လည်း စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် မန်ယူမှတောင်းဆိုသည့်ပြောင်းရွှေ့ကြေး ပမာဏကို ပေးချေလိုခြင်း မရှိပေ။

ဒီဂီယာဘက်ကလည်း မန်ယူအသင်းမှ ထွက်ခွာလိုသည်ဟု တရားဝင်ပြောဆိုထားသော်လည်း ယခုအချိန်အထိ ရီးယဲလ်သို့ ပြောင်းရန် အတင်းအကျပ်တောင်းဆိုခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ဒီဂီယာသည် ရီးယဲလ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက နံပါတ်တစ်ဂိုးသမားနေရာကို ရရှိမည်ဟု ယုံကြည်နေပြီး မန်ယူတွင် ဆက်နေဖြစ်ခဲ့ပါကလည်း ပထမကစားသမားနေရာ ပြန်လည် ရရှိလိ့မ်မည်ဟု ယုံကြည်နေသည်။

မန်ယူအသင်းအနေဖြင့် ဒီဂီယာကို ဆက်လက်ထိန်းသိမ်းထားပါက လာမည့်နှစ်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရတော့မည် ဖြစ်သည်။

အပြောင်းအရွှေ့ဈေးကွက်တွင် ဖြစ်ပေါ်လာနိုင်သေးသည့် ကစားသမားအပြောင်းအရွှေ့စားရင်း၌ ဒီဂီယာမှာ ထိပ်ဆုံးမှ ပါဝင်နေဆဲ ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly