ဘန်ကောက်မြို့လယ်တွင် ဒီမိုကရေစီထောက်ခံစုရုံးသူများကို ထိုင်းရဲတပ်ဖွဲ့ ပိတ်ဆို့ရန် ကြိုးပမ်း

ဘန်ကောက်မြို့လယ်တွင် ဒီမိုကရေစီထောက်ခံစုရုံးသူများကို ထိုင်းရဲတပ်ဖွဲ့ ပိတ်ဆို့ရန် ကြိုးပမ်း

ဘန်ကောက်၊ မေ ၁၈ ။         ။ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ကို ဝေဖန်ထားသော လက်ကမ်းစာစောင်များ ဝေငှသည့် ဒီမိုကရေစီထောက်ခံလှုပ်ရှားမှုကို မေ ၁၈ ရက်က ထိုင်းရဲတပ်ဖွဲ့သည် တားဆီးပိတ်ဆို့ရန် ကြိုးပမ်းခဲ့ရသည်။

ဒီမိုကရေစီပြန်လည်အသက်ဝင်ရေး တက်ကြွလှုပ်ရှားသူများက ၂၀၁၄ ခုနှစ်မှ စတင်အာဏာသိမ်းချိန်မှ စကာ အရှေ့တောင်အာရှထိုင်းနိုင်ငံအား အုပ်ချုပ်နေသည့် စစ်တပ်၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ၏ ရုပ်ပြောင်ပုံ ဆွဲထားသော ယပ်တောင်များကို ဘန်ကောက်မြို့လယ် ဘူတာရုံတစ်ရုံ ဝင်ပေါက်တွင် ဝေငှကြခြင်း ဖြစ်သည်။

ယခု လှုပ်ရှားမှု ခေါင်းဆောင် ဆာရီတီဝတ်ကို ရဲအချို့ကို ဝိုင်းရံထားကာ ဆန္ဒပြလုပ်ရပ်မျိုးကို တားဆီးရန် ကြိုးစားပြီး ၎င်းတို့အား ရဲစခန်းတို့ စုပြီးလိုက်လာရန် ခေါ်ကြောင်း သိရသည်။

ဆန္ဒပြသူများက ရဲ ပြောဆိုသည့် စကားကို “ကျွန်တော်တို့ကို ထိန်းချုပ်ပိုင်ခွင့် မရှိ”ဟု ဆိုကာ ငြင်းဆန်ခဲ့ကြောင်း ဆာရီတီဝတ်က ဆိုသည်။

ဆန္ဒပြသူများအနေဖြင့် အဆိုပါ ဝေငှယပ်တောင်များတွင် လာမည့် သီတင်းပတ် အင်္ဂါနေ့တွင် စီစဉ်ထားသော ဆန္ဒပြမှုသို့ ဖိတ်ကြားစာများ ရေးသားထားသည်။ ယခု စုရုံးဆန္ဒပြမှုသည် ၂၀၁၄ က စစ်အာဏာသိမ်းခဲ့သည့် လေးနှစ်မြောက် နှစ်ပတ်လည် ပြုလုပ်မည့် လာမည့် အင်္ဂါနေ့ မတိုင်မီ အကြိုဆန္ဒပြမှုလည်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required