GDP အနည်းငယ် တိုးတက်လာသော်လည်း မြန်မာ့စီးပွားရေး အနည်းငယ်နှေးကွေး နေ

GDP အနည်းငယ် တိုးတက်လာသော်လည်း မြန်မာ့စီးပွားရေး အနည်းငယ်နှေးကွေး နေ

မေ ၁၇ ။          ။ မြန်မာနိုင်ငံ၏ ပြည်တွင်အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) အနည်းငယ်တိုးတက်လာ သော်လည်း ခရီးသွားလုပ်ငန်းနှင့် ငွေရေးကြေးရေးဘဏ်လုပ်ငန်းများကဏ္ဍများတွင် မရေရာမှုများ ကြောင့် မြန်မာ့စီးပွားရေး အနည်းငယ်နှေးကွေးနေကြောင်း ကမ္ဘာ့ဘဏ်အုပ်စု အစီရင်ခံစာသစ်တွင်ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် မေလ ၁၇ ရက်တွင် ကမ္ဘာ့ဘဏ်အုပ်စုမှ ရေးသားပြုစုသော မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ (Myanmar Economic Monitor - MEM) ထုတ်ပြန်သည့် အခမ်းအနားကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် မြန်မာ နိုင်ငံကမ္ဘာ့ဘဏ်ရုံးတို့ ပူးပေါင်း ကျင်းပခဲ့ပြီး အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာတွင် ပြည်တွင်အသားတင်ထုတ်လုပ်မှုတန်ဖိုး ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၆/၁၇ခုနှစ်တွင် ၅.၉ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇/၁၈ခုနှစ်တွင် ၆.၄ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး စိုက်ပျိုးရေးကဏ္ဍ၊ ကောက်ပဲသီးနှံ ထုတ်လုပ်မှု အခြေအနေ ပြန်လည်ကောင်းမွန်လာခြင်း၊ ကုန်ထုတ်လုပ်ငန်းများအား ကောင်းလာခြင်းနှင့် ၀န်ဆောင်မှုကဏ္ဍများတွင် တည်ငြိမ်လာခြင်းကြောင့် ဖြစ်သည်ဟု အစီရင်ခံစာ တွင် ကဆိုသည်။ သို့သော် ခရီးသွားလုပ်ငန်းနှင့် ငွေရေးကြေးရေးဘဏ်လုပ်ငန်းကဏ္ဍများတွင် မရေ ရာမှုများကြောင့် အနည်းငယ် နှေးကွေးနေသည်ဟု ဖော်ပြထားသည်။

ပြည်တွင်အသားတင်ထုတ်လုပ်မှုတန်ဖိုး ဖွံ့ဖြိုးမှုနှုန်း တိုးတက်လာသော်လည်း လူအများစုမှာ GDP တိုုးတက်မှုမရှိသလောက်ဖြစ်နေကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကပြောသည်။

“မြန်မာနိုင်ငံရဲ့ GDP က ၅.၉% ကနေ ၆.၄% ကိုတိုးလာပြီး ၀င်ငွေ၊ ထွက်ငွေ ကတေ့ာမမျှတပါဘူး။ ဒါကြောင့်မို့လို့ ဒီတိုးတက်မှုက များသောအားဖြင့် အသုံးမဝင်ဖြစ်နေပါတယ်။ လူအနည်းစုမှာတော့ GDP တိုုးတက်မှုက လုံးဝမရှိသလောက်ဖြစ်နေပါတယ်။ ဒီထဲမှာ လူအများစုတွေ အထူးသဖြင့် နိုင်ငံ တွင်းက ဆင်းရဲတဲ့လူတွေ ပါ၀င်နေပါတယ်” ဟု ၎င်းကပြောသည်။

၂၀၁၈/၁၉ခုနှစ်အတွက် နိုင်ငံစီးပွားရေးတိုးတက်မှုနှုန်း အကောင်းဘက်တွင်ရှိနေပြီး ၆.၇ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟုခန့်မှန်းထားသည်။ ငွေကြေးဖောင်းပွမှုနှုန်း ၂၀၁၆/၁၇ခုနှစ်တွင် ရရာခိုင်နှုန်း ရှိခဲ့ရာ မှ ၂၀၁၇/၁၈ခုနှစ်တွင် ၅.၅ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၂၀၁၈/၁၉ခုနှစ်တွင် ၄.၉ရာခိုင်နှုန်း အထိကျ ဆင်းသွားမည်ဟုခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်အများစုသည် အခက်အခဲများနှင့် ကြံုတွေ့နေရကြောင်း အစီရင်ခံစာကို ထုတ်ပြန်သည့် အခမ်းအနားတွင် တက်ရောက်ဆွေးနွေးသူ Allen and Gledhill မန်းနေဂျင်းဒါရိုက်တာ ဦးမင်းနိုင်ဦးကပြောသည်။

“Report က ထွက်လာတဲ့အခါကျတော့ ကျွန်တော်တို့ကြည့်တော့။ တကယ့်လက်တွေ့ အပြင်မှာ ကျွန်တော်တို့တွေ ပြောနေတာတွေ ဖတ်နေတာတွေနဲ့ ယှဉ်ရင်တော့ Report က သိပ်ပြီးတော့ Reflect မဖြစ်သလိုဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ Growth ဆက်ဖြစ်နေတယ်ပြောတယ်။ ကျွန်တော်တို့အပြင်မှာကျတော့ အခက်အခဲတွေ စီးပွားရေးလုပ်ငန်းရှင်တိုင်း၊ လုပ်ငန်းရှင်ကြီးတိုင်း၊ လုပ်ငန်းအငယ်တွေ ပြောရမယ်ဆိုရင်ခက်ခဲတာမျိုး။ သိပ်တော့မကိုက်သလိုဘဲနော်” ဟု ၎င်းကပြောသည်။

ပြည်ပပို့ကုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားကောင်းလာခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး အနည်း ငယ်ခိုင်မာပြီး စီးပွားရေးအလားအလာကောင်းဘက်တွင်ရှိသော်လည်း အန္တရာယ်စိန်ခေါ်မှုများလည်းရှိ နေဆဲဖြစ်သည်။ ထိရောက်စွာကိုင်တွယ်ခြင်း မပြုပါက အနာဂတ်စီးပွားရေးအလားအလာအပေါ် သက် ရောက်မှုရှိနိုင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly