Tasty Trip Review

လူတိုင်းခရီးသွားရတာကို ကြိုက်ပါတယ်။ ဒါပေမယ့် အချိန်တိုင်းမှာတော့ ခရီးမထွက်နိုင်ကြပါဘူး။ ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

အဖြေကတော့ လွယ်ကူရိုးရှင်းပါတယ်။ ခရီးသွားချင်ပြီး ခရီးမထွက်နိုင်လို့ စိတ်ညစ်နေစရာ မလိုပါဘူး။ Tasty Trip က ကူညီပေးနိုင်ပါတယ်။

Tasty Trip ဆိုတာ ဘာလဲ

နာမည်မြင်တာနဲ့ ခရီးသွားအစီအစဉ်ဆိုတာကို သိမှာပါ။ ဒါပေမယ့် ထူးခြားတာက Tasty Trip (ရသများနဲ့ခရီးစဉ်) ဆိုတဲ့ နာမည်အတိုင်းပဲ ခရီးသွားရင်း ရသမျိုးစုံခံစားရအောင် ပေးထားတယ်။

ရသများနဲ့ ခရီးဘယ်လိုသွားမလဲ

Tasty Trip အစီအစဉ်ကို ခံစားကြည့်မယ်ဆိုရင် ချစ်ခြင်းမေတ္တာ၊ အံ့အားသင့်မှု၊ စိတ်အားတက်ကြွမှု၊ တည်ငြိမ်အေးချမ်းမှု၊ သနားကြင်နာမှု၊ ရယ်မောပျော်ရွှင်မှု စတဲ့ ရသကိုးပါးထဲကနေ အနည်းဆုံး ခြောက်ပါးလောက်ကို လိုက်ပွဲမလိုပဲ တစ်ဝကြီးခံစားစေရမယ်။

ဒါက Tasty Trip ရဲ့ထူးခြားချက်ပါ။ ရသတွေနဲ့ ဘယ်လိုခရီးသွားမလဲဆိုတာကို ပြောဖို့က ဒီလောက်နဲ့လုံလောက်ပါတယ်။

ဘယ်သူနဲ့ ခရီးသွားရမှာလဲ 

Tasty Trip နဲ့အတူလိုက်မျောရတာတော့ ဟုတ်ပါပြီ။ ဘယ်သူနဲ့အတူတူသွားရမှာလဲ။ Tasty နဲ့အတူခရီးသွားမယ်ဆိုရင်တော့ အိမ့်မျက်ခြယ်ဆိုတဲ့ ချစ်ခင်နှစ်သက်စရာကောင်းတဲ့ ညီမလေးတစ်ယောက်နဲ့ အတူသွားရမှာပါ။ အိမ့်မျက်ခြယ်က ၂၀၀၅ ခုနှစ်မှာ Miss Earth Crown သရဖူရထားတဲ့ Miss တစ်ဦးပါ။

အိမ်ထဲမှာ နေပြီး ခရီးသွားမယ်

ကဲ..ဒီတော့ သွားမယ်၊ စားမယ်၊ နားမယ်။ အိမ်ထဲမှာထိုင်၊ တီဗီရှေ့ကနေ တစ်ဖဝါးမှမခွာပဲ ခရီးတွေထွက်နိုင်ဖို့အတွက်က Tasty Trip ရှိဖို့တော့လိုတယ်။

သင့်အနားမှာ Tasty Trip ရှိနေဖို့က မခက်ပါဘူး။ Mizzima TV Channel ကိုသာ ဖမ်းယူကြည့်ရှုလိုက်ပါ။ သင့်ရှေ့ကို Tasty Trip ရောက်လာမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags