ဟာဝိုင်ယီမီးတောင် ထပ်ပေါက်ကွဲ၊ ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်း

ဟာဝိုင်ယီမီးတောင် ထပ်ပေါက်ကွဲ၊ ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်း

မေ ၁၈ ။             ။ အမေရိကန် ဟာဝိုင်ယီပြည်နယ်ရှိ Kilauea မီးတောင်ထိပ်ဝတွင်  မေလ ၁၇ ရက်အစောပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့ပြန်ရာ ကြီးမားသည့် မီးတောင် ပြာများကို အလုံးအရင်းဖြင့် ကောင်းကင်ယံသို့ မိုင်းနှင့်ချီ မှုတ်ထုတ်ခဲ့သည်ဟု သိရသည်။

ယင်းအတွက်ကြောင့် အနီးအနားရှိ ဒေသခံများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့အကာအကွယ်ယူကြရန် အာဏာပိုင်များက အားချင်း နှိုးဆော်တိုက်တွန်းခဲ့ကြရသည်။

အဆိုပါ Kilauea မီးတောင်ပေါက်ကွဲရာတွင် မီးတောင်ဝမှ မှုတ်ထုတ်လိုက်သည့် မီးတောင် ပြာထုမှာ အမြင့်ပေ မီတာ ၉,၀၀၀ (ပေပေါင်း သုံးသောင်း) အထိတောင် ရောက်ရှိခဲ့သည်ဟု ဆိုပြီး ယင်းတို့သည် အရှေ့မြောက်ဘက်သို့ စုန်ဆင်းသွားကြကြောင်း မီးတောင် စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

ယင်း Kilauea မီးတောင်သည် ကမ္ဘာပေါ်တွင် အလှုပ်ရှားဆုံးသော မီးတောင်တစ်ခုဖြစ်သကဲ့သို့ ဟာဝိုင်ယီပြည်နယ် ကျွန်းပေါ်တွင် ရှိသည့် မီးတောင်များအနက် တစ်လုံး ဖြစ်သည်။

ယင်း မီးတောင်သည် မေလ ၃ ရက်က စတင်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ ယခုအချိန်ထိ အနီးအနား ဒေသခံပြည်သူပေါင်း ၂,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ထားခဲ့ရပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required