မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ် ရဲဝင်စီးမှုအတွင်း ငွေသားနှင့် လက်ဝတ်ရတနာ အမြောက်အမြား သိမ်းဆည်းရမိ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ နေအိမ် ရဲဝင်စီးမှုအတွင်း ငွေသားနှင့် လက်ဝတ်ရတနာ အမြောက်အမြား သိမ်းဆည်းရမိ

မေ ၁၈ ။          ။ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက်ခ်၏ နေအိမ်အပါအဝင် ၎င်းနှင့်ဆက်စပ်နေသော အခြားအဆောက်အအုံများကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းရှာဖွေခဲ့စဉ်အတွင်း ငွေသား အပြည့်အသိပ်ထည့်ထားသည့် တန်ဖိုးကြီး လက်ကိုင်အိတ်များနှင့် အခြားသော အဖိုးတန် လက်ဝတ်လက်စား အမြောက်အမြားကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ မြောက်မြားစွာသော တန်ဖိုးကြီး ဟန်းဘက်အိတ်များ၊ ငွေသားများနှင့် လက်ဝတ်ရတနာများကို နာဂျစ်နှင့် ဆက်နွယ်မှု ရှိနေသည့် အဆောက်အအုံတစ်လုံးထံမှ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် ယခုအခါ ၎င်းအပေါ် ခြစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများက ပိုမို အရှိန်ရလာခဲ့ပြီ ဖြစ်သည်။

အဆိုပါ နာဂျစ်နှင့် ဆက်နွယ်နေသည့် နေရာများကို ၀င်စီးရာတွင် Hermes ၊ Birkin နှင့် Louis Vuitton အမှတ်တံဆိပ် တန်ဖိုးကြီး လက်ကိုင်အိတ်များကို ရှာတွေ့ခဲ့သည်။

ယခု ရှာဖွေသိမ်းဆည်းရမိသော ပစ္စည်းများမှာ ပမာဏ အဆမတန် များပြားလွန်းနေ၍ ခန့်မှန်းတန်ဖိုးပင် တွက်ချက်နိုင်သေးခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

မလေးရှားရဲတပ်ဖွဲ့က ပြီးခဲ့သည့် မေလ ၁၆ ရက် ညပိုင်းကနေစပြီး နာဂျစ် နေထိုင်သည့် နေအိမ်အပါအဝင် ၎င်းနှင့် ဆက်နွယ်သည့်နေရာများကို ၀င်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၀န်ကြီးချုပ်ဟောင်း နာဂျစ်အနေဖြင့်ကမူ ၎င်းတာဝန်ယူအုပ်ချုပ်စဉ်ကာလအတွင်း နိုင်ငံပိုင်ငွေအလွဲသုံးမှု အရှုပ်တော်ပုံ ပေါ်ပေါက်ပြီး လက်ရှိအချိန်တွင် စုံစမ်းစစ်ဆေးမှုဖြင့် ရင်ဆိုင်နေရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly