အာဆတ်နှင့် ပူတင်က တွေ့ဆုံကာ ဆီးရီးယားတွင် နိုင်ငံရေးလုပ်ငန်းစဉ်အစပြုရန်အတွက် တိုက်တွန်း

အာဆတ်နှင့် ပူတင်က တွေ့ဆုံကာ ဆီးရီးယားတွင် နိုင်ငံရေးလုပ်ငန်းစဉ်အစပြုရန်အတွက် တိုက်တွန်း

မော်စကို၊ မေ ၁၈ ။                         ။ ဆီးရီးယား ခေါင်းဆောင် ဘာရှာအယ်လ်အာဆတ်ကို မေ ၁၇ ရက်တွင် ရုရှသမ္မတ ဗလာဒီမာပူတင်က လက်ခံတွေ့ဆုံခဲ့ပြီး ဆီးရီးယားက အခြေအနေသည် နိုင်ငံရေးလုပ်ငန်းစဉ်အား အစပြုရန် အခါကောင်းသင့်ပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုသို့ နိုင်ငံရေးလုပ်ငန်းစဉ် စတင်အကောင်အထည် ဖော်ဖြစ်ပြီဆိုပါက ဆီးရီးယားက နိုင်ငံခြားတပ်များ ပြန်လည်ရုပ်သိမ်းရမည်ပဲ ဖြစ်သည်။

“ပြီးခဲ့တဲ့ လတွေအတွင်း ဆီးရီးယားစစ်တပ်ရဲက စစ်ရေးအောင်မြင်မှုတွေက နိုင်ငံတွင်းမှာ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အစပြုဖို့ အခွင့်ကောင်းကို ဖန်တီးပေးထားနိုင်တာပဲ ဖြစ်တယ်။”လို့ ရုရှတောင်ပိုင်းမြို့ ဆိုချီတွင် နှစ်ဦးတွေ့ဆုံပြီးနောက်  ကရင်မလင််က ထုတ်ပြန်ချက်တွင် ပူတင်က ပြောထားသည်။

ဆီးရီးယား ကမ်းခြေပြည်နယ် လာတာကီယာရှိ ရုရှလေတပ်စစ်စခန်းတွင် ဒီဇင်ဘာလအတွင်း တွေ့ဆုံပြီးသော နှစ်ဖက်ခေါင်းဆောင်နှစ်ဦးကြားက ယခုတွေ့ဆုံမှုတွင် “အသေးစိတ် ဆွေးနွေးခဲ့ကြောင်း” ရုရှအစိုးရ ပြောခွင့်ရသူ ဒီမီထရီပီစကော့ဗ်က ပြောသည်။

“ပိုမိုတက်ကြွတဲ့ လမ်းကြောင်းတွေမှာ နိုင်ငံရေးလုပ်ငန်းစဉ်တွေ စတင်တာနဲ့ ဆီးရီးယားကနေ ပြည်ပတပ်တွေ ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။”ဟု ပူတင်က ပြောပြီး မည်သည့်တပ်ဖွဲ့များကိုမူ အထူးပြုပြောဆိုခြင်း မရှိပေ။

ပူတင်အနေဖြင့် အာဆတ်အား အစွန်းရောက်အုပ်စုများကို ဆီးရီးယားအစိုးရတပ်များက အောင်မြင်စွာ  တိုက်ခိုက်နိုင်ခြင်းအတွက်လည်း  ဂုဏ်ပြုစကား ပြောကြားသည်။

“နောက်ထပ်လုပ်ငန်းတာဝန်ကတော့ စီးပွားရေးနာလန်ထူရေးနဲ့ ခက်ခဲတဲ့ အနေအထား ကြံုနေရသူ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးဖို့ပါပဲ။”ဟု ပူတင်က ဖြည့်စွက်ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly