ပထမဂိုးသမားနေရာ အတွက်မည်သူနှင့် မဆိုပြိုင်ဆိုင်သွားရန် ရိုမီယိုဆုံးဖြတ်ထား

ပထမဂိုးသမားနေရာ အတွက်မည်သူနှင့် မဆိုပြိုင်ဆိုင်သွားရန် ရိုမီယိုဆုံးဖြတ်ထား

သြဂုတ် ၃၀၊ မန်ချက်စတာ ။            ။ ပထမဂိုးသမားနေရာအတွက် မည်သူနှင့်မဆို ယှဉ်ပြိုင်သွားရန် မန်ယူဂိုးသမား ရိုမီယိုက ဆုံးဖြတ်ထားသည်။ ဂိုးသမားဖြစ်သူ ဒီဂီယာမှာ ရီးယဲလ်မက်ဒရစ်နှင့် အပြောင်းအရွှေ့ ကိစ္စကြောင့် ဘေးထွက်ထိုင်နေရစဉ်တွင် အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား ရိုမီယိုမှာ ရာသီအစ မန်ယူပွဲတိုင်းကို ပွဲထွက်ခွင့်ရထားသည်။

အကယ်၍ ဒီဂီယာရောင်းချခံရပါက အေဂျက်ဂိုးသမား ဆီလက်ဆန်မှာ မန်ယူအသင်းသို့ရောက်လာဖွယ်ရှိသည်ဟု သတင်းထွက်နေရာ ရိုမီယို က မည်သူ့နှင့်မဆို ယှဉ်ပြိုင်ရဲသည်ဟု ပြောသည်။

"ကျွန်တော့်ကစားသမားဘဝအတွက် တိုက်ပွဲဝင်ဖို့ အမြဲပြင်ဆင်ထားပြီးသားပါ။ အဲဒါမျိုးကို ၂၀၁၄ ကမ္ဘာ့ဖလားမတိုင်ခင်ကလည်းကြုံဖူးပါ တယ်။ ကမ္ဘာ့ဖလားမှာကစားခွင့်ရဖို့အတွက် ကျွန်တော်လုပ်နိုင် သမျှအကောင်းဆုံးလုပ်ခဲ့ပါတယ်။ မိုနာကိုမှာတုန်းကလည်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး နည်းပြရေနီယာရီက ချန်လှပ်ထားလို့ စိတ်ပျက်ခဲ့ရပေမယ့် ဒါက ဘောလုံးပါပဲ။ ပြီးခဲ့တဲ့နှစ်တုန်းက ပွဲနည်း နည်းလေးပဲကစားခဲ့ရ ပေမယ့် ကျွန်တော့်ရဲ့အာဂျင်တီးနားအသင်းဖော်တွေ၊ ကျွန်တော့်နည်းပြ ဆဘယ်လာနဲ့နည်းပြအဖွဲ့က ပွဲတစ်ပွဲချင်းစီအတွက် ခွန်အားနဲ့ ယုံကြည်မှုတွေပေးခဲ့ပါတယ်"ဟု ရိုမီယိုကပြော သည်။

ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရိုမီယိုသည် အာဂျင်တီးနားအသင်းအတွက်လက်စွမ်းပြနိုင်ခဲ့ပြီး ဗန်ဟားလ်ကိုင်တွယ်နေသည့် နယ်သာလန် အသင်းကို ပင်နယ်တီအဆုံးဖြတ်ဖြင့်နိုင်သည့်ပွဲ၌ လက်စွမ်းပြပြီး သူရဲကောင်းဖြစ်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly