ဘရာဇီးတွင် ကလေးသူငယ်လိင်ပိုင်းကိစ္စများကြောင့် လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီး

ဘရာဇီးတွင် ကလေးသူငယ်လိင်ပိုင်းကိစ္စများကြောင့် လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီး

ရီယိုဒီဂျနေရိုး၊ မေ ၁၈ ။                        ။ အင်တာနက်တွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ဗီဒီယိုနှင့် ဓာတ်ပုံများကို ဘရာဇီးနိုင်ငံအတွင်း အကြီးဆုံး ဖြိုခွင်းမှုအတွင်း မေ ၁၇ ရက်က လူပေါင်း ၁၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးရမိကြောင်း အာဏာပိုင်များက ပြောသည်။

ဘရာဇီးပြည်နယ် ၂၆ ပြည်နယ်မှ ၂၄ ပြည်နယ်တွင် ရဲတပ်ဖွဲ့အင်အား ၂၆၀၀ နီးပါး ဖြန့်ကြက်ကာ စစ်ဆင်ခဲ့ခြင်း ဖြစ်ပြီး မြို့တော် ဘရာစီးလေးယား တစ်မြို့တည်းမှာပင် အွန်လိုင်းတွင် ကလေးသူငယ်များအား လိင်မဖွယ်မရာ ပြုမှုများနှင့် ပတ်သက်ပြီး  စီးနင်းဖမ်းဆီးမှုနှင့် ရှာဖွေဝရမ်းထုတ်ခြင်းပေါင်း ၅၇၈ မှုရှိသည်။

အသက် ၂၀ မှ အငြိမ်းစားအရွယ်အကြား ကျောင်းဆရာနှင့် ပြည််သူ့ဝန်ထမ်းများအပါအဝင် ဖမ်းဆီးခဲ့ရသူပေါင်းသည် ၁၃၂ ဦးရှိသည်ဟု အာဏာပိုင်များက ဂျာနယ်လစ်များကို ပြောသည်။

ကလေးသူငယ် လိင်မဖွယ်မရာ ဗီဒီယို၊ ဓာတ်ပုံနှင့် စာအုပ်များ တစ်သန်းနီးပါးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ယခု စစ်ဆင်မှုကို အသစ််ဖွဲ့စည်းသော ပြည်သူ့လုံခြံုရေးဝန်ကြီးဌာနက ဦးဆောင်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး  နိုင်ငံအတွင်း အကြီးဆုံးဖြိုခွင်းမှု ဖြစ်မည်မှာ သံသယမရှိကြောင်း ဗိုလ်ချုပ်ကြီး ကားလို့စ်အယ်ဘာတိုခရုဇ်က ပြောခဲ့သည်။

“ကမ္ဘာမှာ တစ်နေ့တည်းနဲ့ အကြီးဆုံး စစ်ဆင်ဖြိုခွင်းမှုတစ်ရပ်ပါ။”ဟု လုံခြံုရေးဝန်ကြီး ရူဂျန်မန်းက ပြောသည်။

ကလေးဘဝ အလင်းရောင် ဟု အမည်ပေးထားသော ယခုကဲ့သို့သော စစ်ဆင်ရေး ပထမပိုင်းကို ၂၀၁၇ အောက်တိုဘာလအတွင်းက အမေရိကန်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ထားဖူးရာတွင် လူပေါင်း ၁၁၂ ဦးကို ဖမ်းဆီးရမိခဲ့ဖူးသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required