သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း

သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အမျိုးသမီးတွေအနေနဲ့ မိခင်နို့ တိုက်ကျွေးခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာအောင် လှုံ့ဆော်ကြရာမှာ ဒီနေ့အခါဟာ အတက်ကြွဆုံး အချိန်ပါပဲ။ သုတေသနတွေအရလည်း အကျိုးကျေးဇူးအသစ်တွေ ထပ်မံတွေ့ရှိထားပါတယ်။

မိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောများကို ကျန်းမာသန်စွမ်းစေပါတယ်။

သုတေသနအသစ်အရ မိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောတွေကို ကျန်းမာသန်စွမ်းစေတယ်လို့ သိရပါတယ်။ မိခင်နို့တိုက်သူ အမျိုးသမီးများအနေနဲ့ အသက်ကြီးသွားတဲ့အခါ နှလုံးထိခိုက်မုှနဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

မိခင်နို့တိုက်ကျွေးနေတဲ့ ငယ်ရွယ်သူအမျိုးသမီးတွေရဲ့ သွေးလွှတ်ကြောများဟာ သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အခါ နို့ဘူးတိုက်သူအမျိုးသမီးတွေထက် ပိုမိုကျန်းမာကောင်းမွန်တယ်လို့ သိရပါတယ်။ သားဖွားမီးယပ်ဆေးပညာဂျာနယ်တစောင်မှာလည်း မိခင်နို့တိုက်ကျွေးခြင်းနဲ့ သွေးလွှတ်ကြောများရဲ့ ကျန်းမာရေးကြားက ဆက်စပ်မုှကို ဖော်ပြထားပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေ အကျိုးအပြစ်အားလုံးကို ကျောက်ချက်ဆွဲဖို့တော့ စောပါသေးတယ်လို့ ဆိုထားပါတယ်။ သုတေသီများဟာ အနည်းဆုံး ကလေးတကြိမ်မွေးဖူးသူ အမေရိကန် အမျိုးသမီးဦးရေ ၈၀၀ကျော်ကို လေ့လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးများအနက် နို့တိုက်ခြင်း ပိုများသူများရဲ့ ကရော့တစ်သွေးပြန်ကြောဟာ သက်လတ်ပိုင်းအရွယ်ရောက်ချိန်မှာ ထူထဲမှုသိပ်မဖြစ်လာဘူးလို့ ဆိုပါတယ်။

မိခင်နို့တိုက်ခြင်း၏ အကျိုးကျေးဇူးများ

ကိုယ်ခန္ဓာအနှံ့ကို သွေးများစီးဆင်းရာမှာ ကရော့တစ်သွေးလွှတ်ကြောဟာ သွေးများကို ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။ အဲဒီသွေးလွှတ်ကြောရဲ့ နံရံတွေထူထဲလာရင်   သွေးလွှတ်ကြောကျဉ်းလာပြီး နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါဟာ မိခင်နို့တိုက်ခြင်းရဲ့ အကျိုးကျေးဇူးများစွာထဲမှာမှ တချက်ပဲ ဖြစ်ပါတယ်။ တခြားအကျိုးကျေးဇူးများစွာလည်း ရှိပါသေးတယ်။ ဥပမာ မိခင်နို့တိုက်သူများဟာ မီးဖွားပြီးအခြေအနေကို လျင်မြန်စွာ သက်သာလာစေပါတယ်။ အဲဒီအခြေအနေမှာ ကောက်ဆီတိုဇင်ဟော်မုန်းကို ထုတ်လုပ်ပြီး သားအိမ်ကို ပုံမှန်အရွယ်အစား ပြန်ဖြစ်စေပါတယ်။ တခြား သုတေသနတခုမှာတော့ မိခင်နို့တိုက်သူများဟာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာများ ဖြစ်ပွားနိုင်ချေ လျော့ကျစေတယ်လို့ ဆိုထားပါတယ်။ ဆီးချိုအမျိုးအစား (၂)၊ လေးဘက်နာ အဆစ်ရောင်ခြင်း၊ သွေးတိုးခြင်း ကိုလက်စထရောများခြင်း စတဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်းကိုလည်း လျှော့ချပေးပါတယ်။   နောက်ဆုံးတချက်ကတော့ မိခင်နို့တိုက်နေချိန်မှာ ဓမ္မတာထိန်နေတဲ့အတွက် သဘာဝနည်းအရ ကိုယ်ဝန်တားပြီးဒ ဖြစ်သွားစေပါတယ်။

ခြုံကြည့်ရင်တော့ မိခင်နို့တိုက်ခြင်းဟာ ကလေးအတွက် အကောင်းဆုံးသော အာဟာရဖြစ်သလို မိခင်တွေရဲ့ ကျန်းမာရေးအတွက်လည်း ရေရှည်အကျိုးရှိပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly