အီရန်နျူကလီးယား သဘောတူညီချက်က အကြမ်းဖက်မှုကိုသာ ပိုမိုတွန်းအားပေး လိမ့်မည်ဟု နေတန်ယာဟုပြောကြား

အီရန်နျူကလီးယား သဘောတူညီချက်က အကြမ်းဖက်မှုကိုသာ ပိုမိုတွန်းအားပေး လိမ့်မည်ဟု နေတန်ယာဟုပြောကြား

ဖလောရင့်၊ သြဂုတ်-၃၀ ။          ။ အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ရန် သဘောတူညီချက်က ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးလိုက်သောကြောင့် အိုင်အက်စ်အကြမ်းဖက် သမားများအား ဒေါ်လာ ဘီလျံနှင့်ချီ ထုတ်ပေးခြင်းဖြင့် ကမ္ဘာနှင့်အဝန်း အကြမ်းဖက်မှုများကို တီဟီရန်၏ ထောက်ပံ့နိုင်စွမ်းကို မြှင့်တင်ပေးလိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သြဂုတ်လ ၂၉ရက်နေ့က ကြေညာလိုက်သည်။

''အီရန်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျော့ပေးခြင်းကနေ အရှ့အလယ်ပိုးနှင့် မြောက်အာဖရိကတို့မှာ သူ့ကျူးကျော်မှုနဲ့ အကြမ်းဖက်မှုကို မီးထိုးပေးဖို့ ဒေါ်လာ ဘီလျံရာပေါင်းများစွာ ရရှိလိမ့်မယ်''ဟု အီရန်နှင့် ကမ္ဘာ့နိုင်ငံများကြား ဇူလိုင်လက သဘောတူညီချက်ကို ခါးခါးသီးသီး ဆန့်ကျင်သည့် နေတန်ယာဟုက အီတလီနိုင်ငံ ဖလောရင့်မြို့သို့ အလည်အပတ်ရောက်ရှိနေစဉ်အတွင်း ပြောကြားခဲ့သည်။

နေတန်ယာဟုက ဇွန်လက ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် အီတလီသို့ ရောက်ရှိနေခြင်းပင်ဖြစ်သည်။.

အီတလီဝန်ကြီးချုပ် မက်တီရို ရင်ဇီနှင့် မတွေ့ဆုံမီတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိုင်အက်စ် ဂျီဟတ်အုပ်စုထက် အပုံကြီးကြောက်စရာပိုကောင်းသည်မှာ အထူးသဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ရန် ကြိုးစားနေသည့် အီရန်အိုင်အကစ်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် အီရန် အရပ်ဖက်သုံး နျူကလီးယားအစီအစဉ်ရှိနေသည်ကို မဆန့်ကျင်ကြောင်း သို့ရာတွင် ဆွစ်မြို့တွင် ပြုလုပ်ခဲ့သည့် သဘောတူညီချက်ကမူ အရပ်ဖက်သုံး နျူကလီးယား ရည်ရွယ်ချက် အတွက်ဆိုလျှင် မလိုအပ်လှဘဲ၊ နျူကလီးယားလက်နက် ထုတ်လုပ်ရန်အတွက်သာ လိုအပ်သည့် ကြောက်စရာ အခြေခံအဆောက်အအုံများကို တိုးချဲ့ရန် တီဟီရန်ကို တရားဝင် ခွင့်ပြုလိုက်ခြင်း ပင်ဖြစ်ကြောင်း နေတန်ယာဟုက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required