မဇ္ဈိမ (အင်္ဂလိပ်ပိုင်း) website Hack ခံရ

မဇ္ဈိမ (အင်္ဂလိပ်ပိုင်း) website Hack ခံရ

ရန်ကုန် ။             ။ မဇ္ဈိမ၏ အင်္ဂလိပ်ပိုင်း  website ဖြစ်သည့် (mizzima.com)  ကို hacker အဖွဲ့တစ်ခုက မေလ ၁၇ ရက် နေ့လည် ၃ နာရီအချိန်ခန့်တွင်တိုက်ခိုက်ခဲ့သည်။

မည်သည့်အတွက်ကြောင့် အဆိုပါ Hacker အဖွဲ့မှ တိုက်ခိုက်ခဲ့သည့်ကိုမသိနိုင်သော်လည်း မဇ္ဈိမအနေဖြင့် သတင်းကျင့်ဝတ်နှင့်အညီ ပြည်သူများ သတင်းသိပိုင်ခွင့်အတွက် ဆက်လက် တင်ဆက်သွားမည်ဖြစ်ကြောင်းလည်း တာဝန်ခံအယ်ဒီတာဖြစ်သူ ကိုမျိုးသန့်ကပြောသည်။

“ ကျွန်တော်တို့ သတင်းဌာနအနေနဲ့ သတင်းကိုရေးရမှာပဲတင်ရမှာပဲ။ သဘောထားတိုက်ဆိုင်တာ မတိုက်ဆိုင်တာကတော့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ် “ ဟု၄င်းကဆိုသည်။

လတ်တလောတွင် website ပြန်လည်အသုံးပြုနိုင်ရန်အတွက် website အတွက်တာဝန်ယူပေးထားသော ပညာရှင်များကကြိုးစားနေကြောင်းလည်း သိရသည်။

အဆိုပါ Hacker အဖွဲ့၏နာမည်ကို ဟက်ကာများသမဂ္ဂ ဟုပေးထားပြီး မဇ္ဈိမ website တွင် ၄င်းတို့ ၏ Facebook Page ကိုလည်းဖော်ပြခဲ့သည်။

“ Hack လိုက်တဲ့ပုံက ကျွန်တော့်အမြင်ပြောရရင်  Injection အလုပ်ခံရလိုက်တာ “  ဟု Web master ကိုသွန်းကပြောသည်။

၂၀၀၇ ခုနှစ်ပိုင်းလောက်က မဇ္ဈိမ၏ website များကို အစိုးရမှ ကြည့်ရှု့ခွင့်ပိတ်ပင်ခြင်း၊ ဆင်ဆာလုပ်ခြင်းနှင့် နိုင်ငံခြားအခြေစိုက် Hacker များမှ Hack လုပ်ခြင်းများကိုကြံု့တွေ့ခဲ့ရပြီးနောက် ယခုတစ်ကြိမ် ပြန်အလည် အHackခံရခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်ထဲတွင် အနုပညာရှင်များ၏ Facebook စာမျက်နှာများ၊ website စာမျက်နှာများကို Hacker အဖွဲ့တချို့မှ Hack  လုပ်ခြင်းမျိုးရှိခဲ့သော်လည်း သတင်းဌာနတစ်ခုကို Hack  လုပ်ခြင်းသည် ပထမဆုံးအကြိမ်လည်း ဖြစ်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly