အီရန် နျူကလီးယားစာချုပ်တွင် ချို့ယွင်းချက်များ ရှိနေဟု အီးယူနိုင်ငံများ ယူဆ

အီရန် နျူကလီးယားစာချုပ်တွင် ချို့ယွင်းချက်များ ရှိနေဟု အီးယူနိုင်ငံများ ယူဆ

မေ ၁၇ ။            ။ အီရန် နျူကလီးယားစာချုပ်သည် ပြီးပြည့်စုံသည့် စာချုပ်တစ်ခုမဟုတ်ဘဲ ပြစ်ချက်များ ရှိနေသည်ကို အီးယူအဖွဲ့ဝင်နိုင်ငံများအားလုံးက သဘောတူလက်ခံထားကြကြောင်း ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က ထုတ်ဖော်ပြောဆိုသွားသည်။

သို့ရာတွင်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါ ပြီးပြည့်စုံမှု မရှိသည့် အီရန်စာချုပ်ကိုပင် ဆက်လက်တည်တံ့ရေး ထိန်းသိမ်းသွားသင့်သည်ဟု ခံယူထားကြောင်း ဂျာမန် ခေါင်းဆောင်က ထပ်လောင်းပြောဆိုသွားသည်။

လက်ရှိအချိန်မှာ အီရန်တို့၏ နျူကလီးယားအစီအစဉ်များကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အဆိုပါ နျူကလီးယားစာချုပ်ကနေ၍ အမေရိကန် နုတ်ထွက်သွားခဲ့ပြီးနောက် ယင်းသဘောတူစာချုပ် ဆက်လက်တည်တ့ံနိုင်ရေးနှင့်ပတ်သက်၍  သံသယများ ပေါ်ထွက်နေလျက်ရှိသည်။

" ဥရောပသမဂ္ဂ နိုင်ငံတိုင်းကတော့ ဒီ သဘောတူညီချက် စာချုပ်ဟာ ပြီးပြည့်စုံတဲ့ စာချုပ်တစ်ခု မဟုတ်ဘူးဆိုတာကို လက်ခံထားကြပါတယ်၊ ဒါပေမယ့် ဒီ စာချုပ်ကို ဆက်ထိန်းထားသင့်တယ်လို့လည်း ကျွန်မတို့ ခံယူထားပါတယ်၊ ကျွန်မတို့အနေနဲ့ အီရန်နဲ့ ဆက်ပြီး ညှိနှိုင်းဆွေးနွေးသွားသင့်ပါတယ်" ဆိုပြီး မာကယ်လ်က ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly