ဂီတကြယ်ပွင့် အင်းနရစ်အစ်ဂလီစီရပ်သည် ဘောလုံးကြယ်ပွင့်တစ်ဦးဖြစ်သော ခရစ္စတီယာနိုရော်နယ်ဒိုနှင့် အတူပူးပေါင်း၍ ပေါ်တူဂီရှိ ကင်ဆာဝေဒနာခံစားနေရသော ကလေးငယ်များအတွက် ရန်ပုံငွေများကူညီရှာဖွေ ပေးမည့်အပြင် မွန်မြတ်သောလှူဒါန်းမှုများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
အင်းနရစ်သည် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ မေလ ၃၀ ရက်နေ့တွင်ကျင်းပမည့် သူ၏ဂီတဖျော်ဖြေပွဲမှ ရရှိလာသောဝင်ငွေ၏ ရ ရာခိုင်နှုန်းခန့်ကို ကင်ဆာကလေးငယ်များအတွက် လှူဒါန်းသွားဖို့လည်း စီစဉ်ထား သည်။
ဒါ့အပြင် ရော်နယ်ဒိုနှင့်အတူပူးပေါင်း၍ ရန်ပုံငွေကူညီရှာဖွေပေးမည့်အစီအစဉ်မှ ရရှိလာသောငွေကြေးများကို ပေါ်တူဂီနိုင်ငံရှိ လစ္စဘွန်းကင်ဆာကုသရေးဌာန (IPO) သို့ လှူဒါန်းသွားမည်ဟုလည်း သိရသည်။
“ကျနော့်ရဲ့သူငယ်ချင်း အင်းနရစ်အစ်ဂလီစီရပ်ဟာ လစ္စဘွန်းမြို့မှာပြုလုပ်မယ့် သူ့ရဲ့ဂီတဖျော်ဖြေပွဲက ရရှိလာတဲ့ငွေကြေးထဲက ရ ရာခိုင်နှုန်းခန့်ကို IPO ကိုလှူဒါန်းသွားမှာဖြစ်တယ်လို့ ဂုဏ်ယူစွာနဲ့ကြေညာလိုက်ရ ပါတယ်” ဟု ခရစ္စတီယာနိုရော်နယ်ဒိုက သူ၏လူမှုမီဒီယာ၌ရေးသားကာ လူအများကို အသိပေးခဲ့သည်။