လပွတ္တာမြို့နယ်တွင် အသက် ၈၇ နှစ်အရွယ် အဘွားအိုအား အဓမ္မပြုကျင့်မှု ဖြစ်ပွား

လပွတ္တာမြို့နယ်တွင် အသက် ၈၇ နှစ်အရွယ် အဘွားအိုအား အဓမ္မပြုကျင့်မှု ဖြစ်ပွား

မေ ၁၇ ပုသိမ် ။                ။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အုန်းတပက်ကျေးရွာအုပ်စု၊ အောင်လှကျေးရွာတွင် မေလ ၁၂ ရက် နေ့ညတွင် တစ်ရွာတည်းနေသူ အသက် ၈၇ အရွယ်ရှိ အဘွားအိုအား ၂ ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"သားဖြစ်သူ လယ်ကွင်းထဲမှာရှိ တဲ မှာ လိုက်လံနေထိုင်စဉ်မှာ သားဖြစ်သူနှင့် ဖိုးထွေးက ဝါးခုတ်ရန် အပြင်ထွက် သွားတဲ့အချိန်မှာ တစ်ယောက်တည်း ကျန်ခဲ့စဉ် မီးထွန်းထားတဲ့ မီးခွက်ကို လူတစ်ဦးက မှုတ်လိုက်စဉ်ငြိမ်းသွားပြီး အဘွားအိုကို ဝိုင်းလုံးပြီး သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်တယ်”ဟု ဖြစ်စဉ်အား တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးခင်မောင်လတ် က မဇ္ဈိမသို့ပြောသည်။

အသက် ၈၇ နှစ်အရွယ် အဘွားအိုအား အဓ္မပြုကျင့်ခဲ့သူ တစ်ရွာတည်းနေသူ ချက်ကြီး(ခ)အောင်ဇော်ဖြိုးအား အဘွားအိုက တရားလိုလုပ်ပြီး လပွတ္တာမြို့နယ်၊၃မိုင်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်းသိရှိရသည်။

"ဧရာဝတီတိုင်းမှာဖြစ်တဲ့ မုဒ်ိမ်းမှုတွေက အများဆုံးမှာ ကျေးလက်တွေမှာအဖြစ်များတယ်၊အသိပညာဆွေးနွေးပွဲတွေကို ကျေးရွာတွေအထိသွားလုပ်သင့်တယ်၊ကိုယ်စားလှယ်တွေ၊ဌာနဆိုင်ရာတွေ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အသိပညာပေးပွဲတွေ လုပ်သင့်တယ်၊ဌာနတစ်ခုတည်း လုပ်ရင်မအောင်မြင်နိုင်ဘူး၊ အခုကြားရတာ အသက်ကြီးတွေပါ ပြုကျင့်ခံရတယ် ”ဟု ပုသိမ်မြို့နယ်၊ဖြူစင်မေတ္တာလူမှုကူညီရေးက ဦးနိုင်ကြီးကပြောသည်။

"ကျေးရွာတွေမှာ မူးယစ်ဆေးဝါးတွေ၊အရက်တွေ စိစစ်သင့်တယ် ။ အရက်တွေဆို လိုင်စင်တွေမှာ ပြန်စိစစ်သင့်တယ်၊တစ်ဘက်က ထိရောက်တဲ့ ဥပဒေဖြစ်ရေးလုပ်ရပြီး တဘက်က အသိပညာပေးလုပ်သင့်တယ်" ဟု ၎င်းကဆိုသည်၊

တရားခံဖြစ်သည့် ချက်ကြီး(ခ)အောင်ဇော်ဖြိုးအား လပွတ္တာမြို့နယ် ၃မိုင်ရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း၊၃မိုင်နယ်မြေရဲစခန်း ပနံပတ်၆၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၈ခုနှစ် ဧပြီလအထိ မုဒိမ်းမှု ၉၂ မှုအထိ ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးတိုင်းတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly